Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုမြို့နယ် စကစ​ကောင်စီဝင်သေနတ်ပစ်ခတ်ခံရပြီးသေဆုံး

ဦးရဲနိုင်အောင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အလုပ်အမှုဆောင်လည်း ဖြစ်သည်။ ၄င်းသည် သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီခန့် ကျိုထိုက်မြို့နယ်​ကောင်စီဝင် ဦးရဲနိုင်​အောင်။ ဓါတ်ပုံ-ရဲနိုင်​အောင်​ဖေစ်ဘွခ်)
(စစ်​ကောင်စီခန့် ကျိုထိုက်မြို့နယ်​ကောင်စီဝင် ဦးရဲနိုင်​အောင်။ ဓါတ်ပုံ-ရဲနိုင်​အောင်​ဖေစ်ဘွခ်)

ကျိုက်ထိုမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးရဲနိုင်အောင်အား သေနတ်ဖြင့် ၈ ချက်အပစ်ခံရပြီး​သေဆုံးသွား​ကြောင်း​ဒေသခံများက​ပြောသည်။

“သင်္ချာရဲနိုင်က မြို့ပါ လူပေါ်လူဇော်လုပ်နေတာ။ စစ်တပ်အာဏာသိမ်းတော့ သူက စကစကောင်စီဝင်ဖြစ်လာတာ။ တော်လှန်ရေးမှပါသူတွေ သူ့ကြောင့် ဒုက္ခရောက်တာအများကြီးပဲ။ အခုတော့ အရှင်းခံရပြီ” ဟု ကျိုက်ထိုမြို့ခံတစ်ဦးကပြောသည်။

ယမန်နေ့ (ဇွန်လ၂၂ ရက်)ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဦးရဲနိုင်အောင်(သင်္ချာရဲနိုင်)ကို ကျိုက်ထိုမြို့နယ် ၊ ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိတောရကျောင်း မုဒ်ဝအရှေ့တွင်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က သတင်းထုတ်ပြန်သည်။

ဦးရဲနိုင်အောင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အလုပ်အမှုဆောင်လည်း ဖြစ်သည်။ ၄င်းသည် သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။

မွန်ပြည်နယ်တွင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီနှင့် စစ်ကောင်စီ‌ဒေါက်တိုင်များကို တိုက်ခိုက်မှုများ အရှိန်မြင့်လာသလို ကျိုက်ထိုမြို့ကို ဖြတ်သွားသည့် မွန်ပြည်နယ် -တနင်္သာရီတိုင်းလမ်း(အမှတ်၈ လမ်းမကြီး)ကိုလည်း ထိန်းချုပ်နိုင်ရေး ကြိုးစားနေသည်။