Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၆ လအတွင်း ဒေါ်လာ ၅ သန်းကျော်ဖိုး လက်နက်ခဲယမ်းတွေ စစ်ကောင်စီထံအိန္ဒိယရောင်းချ

မြန်မာစစ်တပ်ထံ အိန္ဒိယကုမ္ပဏီက လက်နက်တင်ပို့မှု ၇ ကြိမ် ရှိခဲ့ပါတယ်။ ဒီလိုတင်ပို့ရာမှာ ၃ ကြိမ် က မြန်မာစစ်တပ်ထံ တိုက်ရိုက်တင်ပို့ပြီး ကျန်တဲ့အကြိမ်တွေမှာတော့ စစ်တပ်နဲ့ဆက်နွယ်တဲ့ကုမ္ပဏီတွေကတဆင့် တင်ပို့တာလို့သိရပါတယ်။

ဓာတ်ပုံ − အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန
ဓာတ်ပုံ − အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန

အိန္ဒိယဟာ မြန်မာစစ်ကောင်စီထံ လွန်ခဲ့တဲ့ ၆ လအတွင်း အမေရိကန်ဒေါ်လာ ၅ သန်း ဖိုး တန်ကြေးရှိတဲ့ လက်နက်ခဲယမ်းတွေ တင်ပို့ခဲ့တယ်လို့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ထုတ်နေတဲ့ Justice For Myanmar (JFM) ဖော်ပြလိုက်ပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၃ ခုနှစ် ဧပြီလအထိ ၆ လတာအတွင်း အိန္ဒိယနိုင်ငံပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီက စစ်ဘက်သုံးနည်းပညာနဲ့ ဆက်နွယ်ပစ္စည်းတွေရောင်းချတာလို့သိရပါတယ်။

အဲဒီအိန္ဒိယ ကုမ္ပဏီက တင်ပို့တဲ့ စစ်သုံးပစ္စည်းတွေ ထဲမှာ ရေဒီယိုလှိုင်းစက်နဲ့ ရေဒါဆိုင်ရာ ပစ္စည်းတွေ ၊ စစ်မြေပြင်သုံး ဆက်သွယ်ရေးစက်တွေပါဝင်တယ်လို့ JFM က ဆိုထားပါတယ်။

Public Service Announcement
Public Service Announcement

ဒါအပြင် မြန်မာရေတပ်ရဲ့ ရေငုပ်သင်္ဘော ၊ တိုက်သင်္ဘောတွေအတွက် အထောက်အကူဖြစ်မယ့် စာရွက်စာတမ်းတွေပို့ပေးတယ်လို့လည်း သိရပါတယ်။

မြန်မာစစ်တပ်ထံ အိန္ဒိယကုမ္ပဏီက လက်နက်တင်ပို့မှု ၇ ကြိမ် ရှိခဲ့ပါတယ်။ ဒီလိုတင်ပို့ရာမှာ ၃ ကြိမ် က မြန်မာစစ်တပ်ထံ တိုက်ရိုက်တင်ပို့ပြီး ကျန်တဲ့အကြိမ်တွေမှာတော့ စစ်တပ်နဲ့ဆက်နွယ်တဲ့ကုမ္ပဏီတွေကတဆင့် တင်ပို့တာလို့သိရပါတယ်။

အိန္ဒိယအစိုးရဟာ ဝေဖန်မှုတွေကြားထဲက မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံနေတာဖြစ်ပါတယ်။

စစ်ရာဇဝတ်မှုတွေကျုးလွန်နေတဲ့ မြန်မာ စစ်တပ်ကို အကူအညီပေးတာဟာ အိန္ဒိယဟာလည်း မြန်မာစစ်တပ်ကျုးလွန်တဲ့အမှုတွေမှာ ပါဝင်ပတ်သက်တာပဲဖြစ်တယ်လို့ JFM က ဝေဖန်ထောက်ပြထားပါတယ်။