Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာတွင် သွေးသောက်အဖွဲ့ဝင်ဟုဆိုသူတစ်ဦးဖမ်းဆီးလာစဥ် ခုခံထွက်ပြေး၍ ပစ်ခတ်ခဲ့ရာ သေဆုံး

မြနန္ဒာစစ်ဆင်ရေး မန္တလေးအ‌နေဖြင့် ဇွန် ၂၁ ရက်ကလည်း မတ္တရာမြို့နယ် ကြပ်ပြင်ရွာ၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ကို စနှိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင်နှစ်ဦးသေဆုံးခဲ့သည်အသိ​ပေးထားသည်။

(သေဆုံးသူထံမှသိမ်းဆည်းရမိသည်ဆိုသော သွေးသောက်အမှတ်တံဆိပ်ကတ်ပြားနှင့် အခြားအသုံးအဆောင်များအား တွေ့ရစဥ်။ ဓါတ်ပုံ- မြနန္ဒာစစ်ဆင်ရေးမန္တ​လေး)
(သေဆုံးသူထံမှသိမ်းဆည်းရမိသည်ဆိုသော သွေးသောက်အမှတ်တံဆိပ်ကတ်ပြားနှင့် အခြားအသုံးအဆောင်များအား တွေ့ရစဥ်။ ဓါတ်ပုံ- မြနန္ဒာစစ်ဆင်ရေးမန္တ​လေး)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှားစေးချက်ကြီးကျေးရွာသို့ရောက်ရှိနေသော သွေးသောက်အဖွဲ့ဝင်ဟုဆိုသူ ၁ ဦးအား ဖမ်းဆီးခေါ်ဆောင်လာစဥ် ခုခံထွက်ပြေးသော​ကြောင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း Never Give Up Fighter Force အဖွဲ့ နှင့် မြနန္ဒာစစ်ဆင်​ရေးမန္တ​လေး ပြန်ကြားရေးတာဝန်ခံနှစ်ဦးက ပြောသည်။

ဇွန်လ ၂၂ ရက်နံနက်တွင် မတ္တရာမြို့နယ် ရှားစေးချက်ကြီးရွာ၌ မသင်္ကာဖွယ်လူတစ်ဦးရောက်ရှိနေကြောင်း သတင်းရရှိသောကြောင့် မြနန္ဒာစစ်ဆင်ရေး မန္တလေး ၏ Never Give Up Fighter Force ရဲဘော်များ ကသွားရောက်စစ်ဆေးခဲ့ရာ သွေးသောက်အဖွဲ့ဝင်ပျူစောထီးတစ်ဦး ဆရာဦးပိုင်(ခ)ဦးပိုင် ဆိုသူဖြစ်နေသည်ကိုတွေ့ရှိခဲ့ကြောင်း ၎င်းတို့ကပြောသည်။

အဆိုပါ အမျိုးသားထံမှ ဖုန်းနှစ်လုံး ၊ စကားပြောစက်တစ်လုံး ၊ ၊ ကြံ့ခိုင်ရေးအမှတ်တံဆိပ်ပါ ရင်ထိုး ၁ ခု ၊ ကြံ့ခိုင်ရေးပါတီဝင် ကဒ်ပြား ၁ ခု နှင့် သွေးသောက်အဖွဲ့အမှတ်တံဆိပ်ပါ ကဒ်ပြား ၁ ခုတို့သိမ်းဆည်းရရှိခဲ့ပြီးလုပ်ထုံးလုပ်နည်းနှင့်အညီ ဖမ်းဆီးကာ စခန်းသို့ခေါ်လာစဥ် ပြန်လည်ခုခံသောကြောင့် ရှင်းလင်းလးခဲ့ရသည်ဟု မြနန္ဒာစစ်ဆင်​ရေးမန္တ​လေး ပြန်ကြားရေးတာဝန်ခံကပြောသည်။

” ဆိုင်ကယ်တစ်စီးသုံးယောက်စီးလာတာ။အလယ်ကပျူ ၊အဲဒီကောင်တံတောင်နဲ့တွက်ပြီးရုန်းတာ ဆိုင်ကယ်တောင်မှောက်တယ်။ အဲဒါကြောင့် ရှင်းလိုက်တာ” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

သို့​သော် ​သေဆုံးသွားသူသည် ​သွေး​သောက်ဟုတ်၊မဟုတ်မ​သေချာဘဲ အမှုကိုစစ်​ဆေး​နေ​ကြောင်း မန္တ​လေးပကဖ မှတာဝန်ရှိသူတစ်ဦးက​ပြောသည်။

ထိုဖြစ်စဥ်နှင့် ပတ်သက်၍ မတ္တရာပကဖအဖွဲ့တာဝန်ရှိသူတစ်ဦးက “မသေချာဘူး။သွေးသောက်လို့ စွပ်စွဲထားသော်လည်းတော်လှန်ရေးဘက်မှာလည်း ထဲထဲဝင်ဝင်ရှိနေတယ်။ အဲ့ဒီအမှုကို မြို့နယ်ရဲတပ်ဖွဲ့က ကိုင်တွယ်နေပါတယ်။”ဟု People’s Spring သို့ပြောသည်။

မြနန္ဒာ စစ်ဆင်​ရေးမန္ဆ​လေး ပြန်ကြား​ရေးတာဝန်ခံကမူ ၎င်းကို အချိန်တစ်လခန့် ​စောင့်ကြည့်ခဲ့သည်ဟုဆိုသည်။

Never Give Up Fighter Force အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကလည်း”သူဟာ စစ်ကြောင်းဝင်တော့မယ်ဆို အမြဲလိုလို သူတစ်ရက်လောက်အလိုပျောက်ပျောက်သွားတယ်။ ခုလည်း သူကစစ်ကြောင်းမဝင်ခင် နှစ်ရက်သုံးရက် ကြိုပျောက်သွားတာ။ သူ့ကိုမသင်္ကာလို့ ဝင်စစ်တော့ သွေးသောက် တံဆိပ်တွေပါ တွေ့ရတာပါ။”ဟုပြောသည်။

မြနန္ဒာစစ်ဆင်ရေး မန္တလေးအ‌နေဖြင့် ဇွန် ၂၁ ရက်ကလည်း မတ္တရာမြို့နယ် ကြပ်ပြင်ရွာ၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ကို စနှိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင်နှစ်ဦးသေဆုံးခဲ့သည်အသိ​ပေးထားသည်။

မန္တလေးတိုင်းတွင် မန္တလေး၊ မတ္တရာ၊ နွားထိုးကြီးစသည့်မြို့နယ်များ၌ သွေးသောက်အဖွဲ့များက NLD ပါတီဝင်များအပါအဝင် ပြည်သူများမကြာခဏသတ်ဖြတ်၍ အလောင်းများအား လမ်းပေါ်၌ စွန့်ပစ်ခဲ့ကြသည်။