Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုကိုရည် ရွယ်၍ KNU၏တပ်ခွဲတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဟု ပုလော-KPDF ပြော

ပုလော-KPDF မဖွဲ့စည်းခင် ဒေသခံတော်လှန်ရေးအဖွဲ့တစ်ခုအဖြစ် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ရာတွင် ခုခံတော်လှန်မည့်လက်နက်အနေနှင့် တူမီးသေနတ်အသုံးပြု၍ တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။

(ပုလော-KPDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပုလော-KPDF)
(ပုလော-KPDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပုလော-KPDF)

ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်၍ စစ်အာဏရှင်ကို အမြစ်ပြတ်ချေမှုန်းရာတွင် ပိုမိုအင်အားတောင့်တင်စေရန်ရည်ရွယ်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံတပ်ခွဲတစ်ခုအဖြစ် ပြောင်းလဲရပ်တည်လိုက် ကြောင်း မြိတ်ခရိုင် ပုလောမြို့နယ်အခြေစိုက် ပုလော-KPDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြော သည်။

ပုလော-KPDFကို ပြီးခဲ့သည့် ၂၀၂၂ ဇန်နဝါရီ ၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်အာဏာရှင်အား တော်လှန်ခဲ့ရာမှ ယခုနှစ် ဇူလိုင် ၁ရက်မှစ၍ KNUလက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ် ဖွဲ့ KNDO အမှတ်(၇)တပ်ရင်း၊ တပ်ခွဲ (၅)အဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

“KNU/KNDOအဖြစ် ပြောင်းလဲလိုက်ခြင်း ရည်ရွယ် ချက်က ကရင်တိုင်းရင်သားတွေအားလုံး လူမျိုးစု အားလုံးပိုပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်​ဖြစ်စေချင်ပါတယ်။ နောက်ပြီးတော့ အာဏာရှင်ကို အ ပြီးပိုင်တိုက်ထုတ်ဖို့ KNDO ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ ပိုမိုပြီး အင်အားတောင့်တင်းမှု အား ကောင်းလာစေရန်နှင့် ကော်သူးလေနယ်မြေ ပြန်လည် ထိန်းချူပ်နိုင်ဖို့ ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်”ဟု ပုလော-KPDFမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ပုလော-KPDF မဖွဲ့စည်းခင် ဒေသခံတော်လှန်ရေးအဖွဲ့တစ်ခုအဖြစ် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ရာတွင် ခုခံတော်လှန်မည့်လက်နက်အနေနှင့် တူမီးသေနတ်အသုံးပြု၍ တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ပြီးခဲ့သည့်နှစ် ဇန်နဝါရီတွင် KPDF အဖြစ်ဖွဲ့စည်းပြီးနောက် စစ်ရေးလှုပ်ရှားမှုအနေဖြင့် တိုက်ပွဲပေါင်း (၄၄)ကြိမ်ရှိခဲ့ရာ ရန်သူ့ဘက်မှ သေဆုံးမှု ၂၀၃ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၆၃ဦးရှိကာ KPDF မှ ကျဆုံးရဲဘော်နှစ်ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၁ဦး ရှိခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

ပုလော-KPDF အခြေပြုလုပ်ရှားရာ မြိတ်ခရိုင်၊ ပုလောမြို့နယ်သည် KNU တပ်မဟာ(၄)၏ ထိန်းချုပ်နယ်မြေအတွင်းတည်ရှိပြီး စစ်အာဏာရှင်တော်လှန် ရေး စစ်ရေးလှုပ်ရှားမှုများကို KNDO ဦးဆောင်သော PDF ပူးပေါင်းတပ်များမှ လုပ်ဆောင်လျှက်ရှိသည်။