Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ဥက္ကလာ မြင်သာစျေးအနီး ပေါက်ကွဲမှုဖြစ်

ယနေ့ ည ၈ နာရီခွဲနှင့် ၉ နာရီကျော်တို့တွင် မြင်သာစျေးအနီး ပေါက်ကွဲသံ နှစ်ကြိမ်ကြားရကြောင်း တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

(ရန်ကုန်မြို့တွင် စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်နေစဥ် (ပုံအဟောင်းအသုံးပြုထားသည်)။ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့တွင် စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်နေစဥ် (ပုံအဟောင်းအသုံးပြုထားသည်)။ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ မြင်သာစျေးအနီး ယနေ့ (ဇူလိုင် ၄) ညပိုင်းတွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့​ကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

ယနေ့ ည ၈ နာရီခွဲနှင့် ၉ နာရီကျော်တို့တွင် မြင်သာစျေးအနီး ပေါက်ကွဲသံ နှစ်ကြိမ်ကြားရကြောင်း တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

” ၈ခွဲကျော်တုန်းက ဗုံးပေါက်သံအကျယ်ကြီး ကြားလိုက်ရတယ်။ မြင်သာစျေးဘက်က ပြောကြတယ်။ နေရာအတိအကျတော့ မသိဘူး။ ၉ နာရီကျော်တော့ နောက်တစ်ကြိမ် ပေါက်သံထပ်ကြားရတယ်။ အချိန်ကလဲ ၉နာရီကျော်နေတော့ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး။ ရဲကားတွေ မြင်သာစျေးဘက်ကို သွားတာတော့ တွေ့လိုက်တယ် “ဟု ၎င်းက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် သစ္စာလမ်းနှင့် သုမင်္ဂလာလမ်းထောင့်အနီးရှိ ရဲစခန်းရှေ့တွင် စစ်ကားအများအပြား ရောက်ရှိနေပြီး လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။

” သုမင်္ဂလာလမ်းထောင့်က ရဲစခန်းနားမှာ စစ်သားတွေ လမ်းပိတ်ပြီး စစ်နေတာ တွေ့ခဲ့တယ်။ လမ်းတစ်ခြမ်းကို ပိတ်ပြီး စစ်နေတာပါ။ ကျွန်တော့်ကားက တစ်ဖက်လမ်းက ဆိုတော့ အစစ်တော့ မခံခဲ့ရဘူး။ ကားတွေကို နောက်ဖုံးဖွင့်စစ်နေတာပါ “ဟု ၎င်းက ဆိုသည်။

ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ဗဟန်း၊ လှိုင်သာယာစသည့် မြို့နယ်အချို့တွင်လည်း ပေါက်ကွဲသံများ ကြားရကြောင်း ​ရပ်ကွက်နေပြည်အချို့က ပြောသည်။