Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUG နိုင်ငံခြားရေးဝန်ကြီး ကနေဒါနိုင်ငံခြားရေးထိပ်တန်းအရာရှိနှင့် အွန်လိုင်းမှဆွေးနွေး

NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ကနေဒါနိုင်ငံခြားရေးထိပ်တန်းအရာရှိနှင့်တွေ့ဆုံစဥ် ဝန်ကြီးဒေါ်ဇင်မာအောင်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိမြန်မာ့အရေးကိစ္စများကို ပြောဆိုဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။

NUG နိုင်ငံခြားရေးဝန်ကြီး ကနေဒါနိုင်ငံခြားရေးထိပ်တန်းအရာရှိနှင့် အွန်လိုင်းမှဆွေးနွေး
NUG နိုင်ငံခြားရေးဝန်ကြီး ကနေဒါနိုင်ငံခြားရေးထိပ်တန်းအရာရှိနှင့် အွန်လိုင်းမှဆွေးနွေး

▪︎စစ်တပ်အာဏာသိမ်းမှုကို ကနေဒါ ထပ်မံရှုတ်ချ၊ NUG ကို အရေးကြီးသည့်အခန်းကဏ္ဍအဖြစ်အသိအမှတ်ပြု

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်ဆိုင်ရာအတွင်းဝန် ရောဘတ်အိုလီဖန့်ကို အွန်လိုင်းမှတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ဝန်ကြီး ဒေါ်ဇင်မာအောင်သည် ကနေဒါနိုင်ငံခြားရေးဝန်ကြီး မဲလ်လန်းဂျိုလီကိုယ်စား လွှတ်တော်ဆိုင်ရာအတွင်းဝန် အိုလီဖန့်နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ကနေဒါက ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချကြောင်း ထပ်လောင်း အတည်ပြုသည်။ ယင်းနောက် စစ်တပ်က အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားခြင်းနှင့် အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခကျယ်ပြန့်လာခြင်းတို့ကြောင့် ဒေသတွင်း၌ လူသားချင်းစာနာမှုဆောင်ရွက်ရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးနှင့် စီးပွားရေး နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ထည့်သွင်းဆွေးနွေးသည်။

တွေ့ဆုံမှုအတွင်း ကနေဒါအတွင်းဝန်က မြန်မာ့အရေးတုန့်ပြန်ဆောင်ရွက်ရေး ကနေဒါ၏ လက်ရှိကတိကဝတ်နှင့် ရိုဟင်ဂျာပဋိပက္ခတို့အပေါ် အလေးပေး ပြောကြားခဲ့ကြောင်း ကနေဒါအစိုးရက သတင်းထုတ်ပြန်သည်။ ထို့အပြင် ကနေဒါအစိုးရသည် မြန်မာနိုင်ငံရှိ ဒီမိုကရေစီအရေးမြှင့်တင်ဆောင်ရွက်နေသည့် ပါဝင်ပတ်သက်သူအားလုံး၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို ကူညီပံ့ပိုးမည်ဖြစ်ပြီး ယင်းတို့အနက် NUG မှာ အရေးကြီးသည့်အခန်းကဏ္ဍဖြစ်ကြောင်း ကနေဒါက အသိအမှတ်ပြုသည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ကနေဒါနိုင်ငံခြားရေးထိပ်တန်းအရာရှိနှင့်တွေ့ဆုံစဥ် ဝန်ကြီးဒေါ်ဇင်မာအောင်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိမြန်မာ့အရေးကိစ္စများကို ပြောဆိုဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။

ဆက်လက်ပြီး စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များနှင့် ၎င်းတို့အား အရေးယူပိတ်ဆို့နိုင်မည့် နည်းလမ်းများ၊ မြန်မာပြည်သူများအပေါ် ကူညီထောက်ပံ့ပေးနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြောင်းနှင့် ကနေဒါအစိုးရသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။