Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ပက်လက်မြို့ပေါ် တွင်တပ်စွဲထား​သောစစ်​ကောင်စီတပ်ကို CDF/PDF ပူးပေါင်းတပ် တိုက်ခိုက်

ကန်ပက်လက် CDF တာဝန်ရှိသူတစ်ဦးကလည်း “ အဲဒီမှာတော့ စကစဘက်က အထိအခိုက်တော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့ဟာတွေရှိတယ်။ သေဆုံးမှုကတော့ မသိရဘူး။ မြို့ပေါ် စေတီကုန်းအထိုင်စခန်းကို တိုက်ခိုက်တာ” ဟု ပြောကြားသည်။

(CDF နှင့် PDF ပူး​ပေါင်းတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-​ညောင်းရမ်းတပ်ဖွဲ့)
(CDF နှင့် PDF ပူး​ပေါင်းတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-​ညောင်းရမ်းတပ်ဖွဲ့)

▪︎မကွေး-ချင်းနယ်စပ်သို့ စစ်ကောင်စီတပ် စစ်ကြောင်းများထိုးလာ၍ စစ်ရေးပြင်းထန်လာနိုင်၊ ပြည်သူများ လုံခြုံရေးသတိပြုရန်တိုက်တွန်း

ချင်းပြည်နယ် ကန်ပက်လက်မြို့၌တပ်စွဲထားသည့်စစ်ကောင်စီတပ်များကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-ကန်ပက်လက်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ညောင်ဦးခရိုင် တပ်ရင်း(၂)(ညောင်ရမ်းတပ်ဖွဲ့)တို့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်​သေဆုံးမှုရှိခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူများက ​ပြောသည်။

ဇူလိုင် ၁၃ရက်က လက်နက်ကြီး ရှော့တိုက်ဒုံး ဒရုန်းဗုံးသီးများ၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ညောင်ရမ်းတပ်ဖွဲ့က အသိပေးထားသည်။

နာရီဝက်ကြာတိုက်ပွဲဖြစ်ပွားပြီး၊ကျည်မလုံလောက်မှုကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဖော်ပြထားပြီး စစ်ကောင်စီတပ်မှ အကျအဆုံးရှိကြောင်း ထုတ်ပြန်သည်။

(CDF နှင့် PDF ပူး​ပေါင်းတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-​ညောင်းရမ်းတပ်ဖွဲ့)
(CDF နှင့် PDF ပူး​ပေါင်းတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-​ညောင်းရမ်းတပ်ဖွဲ့)

“အခု သူတို့ စစ်ကြောင်းတွေ ခွဲပြီး မကွေးနဲ့ ချင်းအစပ်မှာ စစ်ကြောင်းထိုးဖို့ လုပ်နေကြတယ်။ ကျနော်တို့ ညောင်ရမ်းတပ်အနေနဲ့လည်း နေရာ၊ လူမျိုး၊ဘာသာ မခွဲဘဲ ကျရာနေရာကနေ ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ပေါ်ဖို့ တိုက်ပွဲဝင်နေကြပါတယ်။ပြည်သူတွေကို အားနာနာနဲ့ ပြောရရင် ထပ်အားတင်းထားပါလို့ပေါ့” ဟု ညောင်ဦးခရိုင် တပ်ရင်း(၂) – ညောင်ရမ်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကန်ပက်လက် CDF တာဝန်ရှိသူတစ်ဦးကလည်း “ အဲဒီမှာတော့ စကစဘက်က အထိအခိုက်တော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့ဟာတွေရှိတယ်။ သေဆုံးမှုကတော့ မသိရဘူး။ မြို့ပေါ် စေတီကုန်းအထိုင်စခန်းကို တိုက်ခိုက်တာ” ဟု ပြောကြားသည်။

လက်ရှိတွင်စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားမှုစစ်ကူဖြည်တင်းမှုပြုလုပ်လာသဖြင့် မကွေးနှင့် ချင်းအစပ်၌ တိုက်ပွဲဖြစ်ပွား​နေသည်။ စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းထိုး လှုပ်ရှားနေကြောင်း ကန်ပက်လက် CDF တာဝန်ရှိသူက ပြောသည်။

“ကျင်ဒွေးကိုသွားမယ့်ဟာကို ကျနော်တို့ဘက်ကနေ တားဆီးနိုင်ဖို့ ကြိုးစားနေတယ်” ဟု ၎င်းက ဆက်​ပြောသည်။

စစ်ကောင်စီတပ်သည် ဆောနယ်မှ ကန်ပက်လက်နယ် ကျင်ဒွေးမြို့သို့ စစ်အင်အားဖြည့်တင်းရန် လာရောက်ရာ ဒေသခံကာကွယ်ရေးတပ်များကကြားဖြတ်တိုက်ခိုက်၍ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါစစ်ကောင်စီတပ်သည်တိုက်ခိုက်ခံရပြီးနောက် ဆောမြို့နယ်ရင်းကဲရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

“လက်နက်ကြီးကျလို့ ဆိုပြီးမှ ကြားတယ်။ မနေ့နဲ့ ဒီနေ့မှာ ပြန်ဝင်ပြီး ရှို့ကြတယ်လို့ သတင်းပြန်ပြီးကြားပါတယ်” ဟု ကန်ပက်လက် CDF တာဝန်ရှိသူက ရင်းကဲရွာကို စစ်ကောင်စီတပ်မီးရှို့မှု အခြေအနေကို ပြောပြသည်။

စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“လုံခြုံတဲ့နေရာမှာ ဂရုစိုက်နေပါ။ ကျနော်တို့ဘက်က လိုအပ်လို့ထုတ်ပြန်တဲ့ဟာကို လိုက်နာပေးကြဖို့ပေါ့။” ကန်ပက်လက် CDF တာဝန်ရှိသူက ပြည်သူလူထုများအား ပြောသည်။

စစ်ကောင်စီတပ်ကို ဒေသခံ ကာကွယ်ရေးတပ်များ၏ကြားဖြတ်တိုက်ခိုက်မှုကြောင့် မိုင် ၃၀ ကျော်သာ ဝေးသည့် ဆောနှင့် ကျင်ဒွေးကို ရက်အတန်ကြာခရီးနှင်နေရသည်သိရသည်။ စစ်ကောင်စီတပ်များ အင်အား ဖြည့်တင်းမှုကြောင့် ကန်ပက်လက်နယ်၌ စစ်ရေးပိုပြင်းထန်လာနိုင်သည်ဟု CDF တာဝန်ရှိသူက ပြောသည်။