Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးရိုးမဖြတ်လမ်း မြို့ချောင်း-စိန်ကန့်လန့်လမ်းပိုင်းတွင် PDF ပူးပေါင်းအဖွဲ့ လမ်းပိုင်းစစ်ဆေးမှုပြုလုပ်

အဆိုပါလမ်းပိုင်းသည် ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းမှတဆင့် ပဲခူးရိုးမသို့ဖြတ်ကာ ရန်ကုန်-မန္တလေးလမ်းဟောင်းအပါအဝင် နေပြည်တော်အမြန်လမ်းမကြီးအထိ သွားရောက်နိုင်သော လမ်းပိုင်းတစ်ခုဖြစ်သည်။

(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ပေးပို့)
(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ပေးပို့)

ပဲခူးရိုးမဖြတ်ကျော်လမ်းပိုင်းများမှ တစ်ခုအပါအဝင်ဖြစ်သည့် မြို့ချောင်း – စိန်ကန့်လန့်လမ်းပိုင်းတွင် သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းက လမ်းပိုင်းစစ်ဆေးမှုများလုပ်ဆောင်လျှက်ရှိကြောင်း ယနေ့(ဇူလိုင် ၁၆) အသိပေးထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းသည် ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းမှတဆင့် ပဲခူးရိုးမသို့ဖြတ်ကာ ရန်ကုန်-မန္တလေးလမ်းဟောင်းအပါအဝင် နေပြည်တော်အမြန်လမ်းမကြီးအထိ သွားရောက်နိုင်သော လမ်းပိုင်းတစ်ခုဖြစ်သည်။

(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ပေးပို့)
(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – ပေးပို့)

“ဒီလမ်းပိုင်းက စစ်ရေးအရ အရေးပါတယ်။ ဒီလမ်းကနေ အမြန်လမ်းကို တက်လို့ရတယ်။ နေပြည်တော်အထိ တက်လို့ရတယ်။ စစ်ကောင်စီအတွက်လည်း ဝင်ငွေရတဲ့နေရာပေါ့။ ပြည်သူကတော့ ထိခိုက်မှုနည်းပါတယ်။ လိုအပ်သလို ရှောင်တခင် စစ်ဆေးတာကို အဓိက လုပ်ဆောင်မှာပါ”ဟု တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ (၅)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အထက်ပါ မြို့ချောင်း – စိန်ကန့်လန့်လမ်းပိုင်းပါဝင်သည့် ပဲခူးရိုးမတကြောကို PDF တပ်ဖွဲ့များက စစ်ရေးနယ်မြေအဖြစ် မသတ်မှတ်မီ ပြီးခဲ့သည့် နှစ်လခန့်အထိ စစ်ကောင်စီက ရိုးမပေါ်မှ သစ်များခိုးထုတ်ခဲ့သည်မှာ အနည်းဆုံးသစ်တန်ချိန် (၁၀၀)ထက်မနည်းရှိခဲ့ပြီး ယခုနောက်ပိုင်းမှသာ သစ်ခိုးထုတ်မှုအရှိန်တန့်သွားကြောင်း ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ပေးပို့)
(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – ပေးပို့)

စစ်ကောင်စီသည် ပဲခူးရိုးမကိုအားကိုးပြု၍ သစ်များခိုးထုတ်ကာ ဝင်ငွေရှာဖွေနေခြင်းကို ရပ်တန့်ရန်နှင့် စစ်ရေးဖော်ဆောင်မှုအတွက် အရေးပါသည့်လမ်းပိုင်းတစ်ခုဖြစ်သောကြောင့် အထက်ပါ လမ်းပိုင်းစစ်ဆေးမှုလုပ်ဆောင်နေခြင်းကို ပြည်သူသို့ အသိပေးခြင်းဖြစ်ကြောင်း တပ်ခွဲ(၅)မှ တာဝန်ရှိသူက ဆက်ပြောသည်။

အထက်ပါ မြို့ချောင်း – စိန်ကန့်လန့်လမ်း၌ လမ်းပိုင်းစစ်ဆေးမှုများလုပ်ဆောင်စဥ် ခရီးသွားယာဥ်အချို့နှင့် ပြည်သူများအားတွေ့ရှိသည်တွင် ပြည်သူများက စစ်ဆေးမှုကို ကြည်ဖြူစွာလက်ခံကြပြီး ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)ထံမှ သိရသည်။

(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ပေးပို့)
(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – ပေးပို့)

နောက်နောင်တွင်လည်း အဆိုပါ ရိုးမဖြတ်ကျော်လမ်းပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများကို လိုအပ်သလိုလုပ်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့်အတူ သွားလာခြင်း၊ အနီးတွင်နေထိုင်ခြင်းများ မပြုလုပ်ကြရန် သတိပေးထားသည်။