Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောမြို့နယ် ရင်းကဲရွာအနီးတိုက်ပွဲ PDF ရဲဘော် ငါးဦးကျဆုံး

ဆောမြို့နယ်မှ ချင်းပြည်နယ် ကျင်ဒွေးမြို့သို့ သွားသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဇူလိုင် ၁၄ရက် နံနက်တွင် PDF ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၅ရက် ယမန်နေ့တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။

(တိုက်ပဲဲဖြစ်ပွားရာအနီးရှိ ရင်းကဲရွာကို စစ်ကောင်စီတပ် မီးရှို့ခဲ့၍ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးနေသည့် မြင်ကွင်း။ဓာတ်ပုံ - Than Zaw Oo/FB)
(တိုက်ပဲဲဖြစ်ပွားရာအနီးရှိ ရင်းကဲရွာကို စစ်ကောင်စီတပ် မီးရှို့ခဲ့၍ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးနေသည့် မြင်ကွင်း။ဓာတ်ပုံ - Than Zaw Oo/FB)

▪️စစ်ကောင်စီတပ်လည်း အထိနာ၍ လေကြောင်း ပစ်ကူပေး

မကွေးတိုင်း ဆောမြို့နယ် ရင်းကဲကျေးရွာအနီးတွင် ယမန်နေ့က ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး PDF ရဲဘော် ငါးဦး ကျဆုံးခဲ့ရကြောင်း ဆောမြို့နယ် PDF တပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆောမြို့နယ်မှ ချင်းပြည်နယ် ကျင်ဒွေးမြို့သို့ သွားသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဇူလိုင် ၁၄ရက် နံနက်တွင် PDF ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၅ရက် ယမန်နေ့တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၁၄ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားရာအနီးရှိ ရင်းကဲရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင် ပြာကျခဲ့သည်။

“မနေ့က ၅နာရီလောက်ဖြစ်တာ။ ကျနော်တို့ဆီက ၅ယောက်ကျသွားတယ်။ လက်နက်တွေလည်းပါသွားတယ်။မီးလောင်တဲ့ ရင်းကဲရွာနားမှာဖြစ်တာ။ရင်ဆိုင်တိုက်ပွဲမှာပဲကျတာ။ သူတို့ဘက်လည်း ကျမှာပါ။ ဒါကြောင့်မို့ လေယာဉ်ကူ နှစ်ခေါက်လာသွားတာ။ လေယာဉ်ကြောင့်ထိတာမဟုတ်ဘူး ကြည့်ရတာ။ ရင်ဘက်တွေမှာမှန်တာ။ သူတို့ဘက်လည်း ကျမှာပါ”ဟု ဒေသခံ PDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကန်ပက်လက်နယ် ကျင်ဒွေးမြို့သို့ သွားသည့် ယင်းစစ်ကြောင်းကို PDF တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေ၍ မိုင် ၃၀ ကျော်သာဝေးသည့် ခရီးကို သုံးရက်ကြာသည်အထိ မရောက်နိုင်သေး ဟုဆိုသည်။

“သူတို့က မနိုင်ရင် လေကြောင်းနဲ့ပဲကူမှာ ဆိုတော့ ကျနော်တို့က လေကြောင်းကိုပဲ ကြောက်နေရတာ။ အနီးအနားရွာတွေက ထွက်ပြေးနေကြရတယ် သူတို့လာတယ်ဆိုတော့”ဟု PDF တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်က ရင်းကဲရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၃၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ဆောမြို့နယ်တွင် နောက်ထပ်အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းတစ်ခုလည်း ဝင်ရောက်လျက်ရှိပြီး ဆောမြို့နှင့် ၆မိုင်အကွာ၌ ရောက်ရှိနေသည်ဟုဆိုသည်။ယင်းစစ်ကြောင်းသည် ကြိမ်ချောင်းလမ်းခွဲအကျော် အညာကတင်းရွာအနီး ရောက်ရှိနေသည်ဟု ယောဒေသသတင်းများဖော်ပြနေသည့် ဒေသခံသတင်းရင်းမြစ်က အသိပေးထားသည်။

“ဆောမြို့ဘက်ဦးတည်ထွက်ခွာလာနေတာဖြစ်ပါတယ်ခင်ဗျ။ အညာကတင်း၊ အကြည်ကတင်းနှင့် ဆောမြို့ဘက် မိဘပြည်သူများ အနေဖြင့် လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို အထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်”ဟုလည်း သတင်းရင်းမြစ်က လူမှုကွန်ရက်၌ ရေးသာထားသည်။

ဆောမြို့ပေါ် ပြည်သူများ အနေဖြင့် လက်နက်ကြီး ဒဏ်ခံနိုင်မည့်နေရာ လေကြောင်းရန် ကာကွယ်နိုင်မည့်နေရာများ ကြိုတင်စီစဉ်ထားရန်လည်း အသိပေးထားသည်။