Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲများ ပြင်းထန်လာ၍ ထုံခါ-မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကို ပကဖ ယာယီပိတ်

ဇူလိုင် ၁၅ ရက် နံနက် ၇နာရီမှာစတင်ပြီး စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများပါ အသုံးပြုခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

(တနင်္သာရီတိုင်းသို့ စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်ဖွဲ့ဝငွများကို ဇူလိုင်လဆန်းက​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များမှ)
(တနင်္သာရီတိုင်းသို့ စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်ဖွဲ့ဝငွများကို ဇူလိုင်လဆန်းက​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များမှ)

တနင်္သာရီတိုင်းရှိ မောတောင်နယ်စပ်ကုန်သွယ်စခန်းကိုသွားသည့် ထုံခါ-မောတောင်လမ်းကိုယ​နေ့( ဇူလိုင်၁၆ရက်)မှစ၍ ယာယီပိတ်လိုက်ကြောင်းတနင်္သာရီမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကထုတ်ပြန်လိုက်သည်။

ဇူလိုင် ၁၅ ရက်မှစတင်ပြီး စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာ၍ ဒေသခံကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားလာနေခြင်းကြောင့် ခရီးသွားပြည်သူများထိခိုက်မှုမရှိစေရန် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိ​ပေးထားသည်။

လက်ရှိတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး ပိုမိုပြင်းထန်လာမည်ဟုလည်း ဒေသခံကာကွယ်ရေးအဖွဲ့များက​ပြောသည်။

ဇူလိုင် ၁၅ ရက် နံနက် ၇နာရီမှာစတင်ပြီး စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများပါ အသုံးပြုခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

စစ်ကောင်စီတပ်က ဒဏ်ရာရသူများကို ထိုင်းနိုင်ငံပရာကျွတ်မြို့ရှိ ဆေးရုံးသို့မောတောင်နယ်စပ်ကုန်သွယ်စခန်းရှိ ကျောက်ပြားစခန်းမှ တင်ပို့နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲက ဒီနေ့လည်း ဖြစ်နေတယ်။ ကုန်တင်တဲ့ကားတွေကိုတော့ နှစ်ဖက်လုံးက သွားခွင့်မပေးဘူး”ဟု ကုန်တင်ကာယာဥ်​မောင်းတစ်ဦးကပြောသည်။

တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေးလည်းတနင်္သာရီမြို့နယ်ကထုံခါ-မောတောင်လမ်းတွင်တိုက်ပွဲဖြစ်ပွား​နေပြီးလမ်းပိုင်းကို နေ့ရောညပါ ခရီးသွားလာခြင်းမပြုရန် ယ​​နေ့ည​နေပိုင်းတွင်ထပ်မံ​ကြေညာသည်။

Public Service Announcement
Public Service Announcement

မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းသည် နိုင်ငံအတွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ခုအနက်မှ တစ်ခုဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။ အဆိုပါကုန်သွယ်ရေးစခန်းက စစ်တပ်အာဏာမသိမ်းခင်က ၂၀၁၉-၂၀ ဏ္ဍာနှစ်က ကုန်သွယ်မှုစုစုပေါင်း ဒေါ်လာ ၁၈ သန်းကျော်ဖိုး နှစ်နိုင်ငံကုန်သွယ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းအနီးတိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ထိုင်နိုင်ငံသို့ ပို့ကုန်အများစုကို မောတောင်နယ်စပ်ကုန်သွယ်စခန်းက တင်ပို့နေပြီး ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ဒေါ်လာ ၁၅သန်းရှိခဲ့သည်။ထိုကုန်သွယ်မှုတွင် ပြည်တွင်းမှ တင်ပို့သည် ပို့ကုန်အများစုဖြစ်သည်။