Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးတွင် စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကလေးတစ်ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရ

စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ရေဦးနယ်တောင်ဘက်ခြမ်းနှင့် ဒီပဲယင်းအရှေ့ခြမ်းရှိ ရွာပေါင်း၂၀ခန့်မှ စစ်ရှောင်ပြည်သူ ၅၀၀၀ကျော် ထွက်ပြေးနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)
(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)

▪︎ ရွာပေါင်း၂၀ခန့်မှ စစ်ရှောင်ပြည်သူ ၅၀၀၀ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇူလိုင်လ ၁၉ ရက်နေ့) နံနက်ပိုင်းက ရေဦးမြို့တွင် အထိုင်ချတပ်စွဲထားသော ခမရ ၇၀၂ ၇၀၈ ပူးပေါင်းစစ်ကြောင်းမှ အင်အား ၁၀၀ကျော်သည် ရေဦးနယ်တောင်ခြမ်းရှိ ဆည်ကြီး၊ ပေါက်သာ၊ ဇိန့်ဇွန်းကျေးရွာများအား စစ်ကြောင်းထိုးခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)
(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)

ထိုစစ်ကြောင်းအတွက် ရေဦးတိုင်းရင်းဆေးရုံအတွင်းရှိ စစ်ကောင်စီတပ်က ၁၂၀မမ လက်နက်ကြီး၂ချက်ပစ်ကူပေးခဲ့ရာ ခင်ဦးနယ်၊ သက်ပေးရွာနှင့် ဒီပဲယင်းနယ် ညောင်လှရွာဘက် ကျရောက်ပြီး လူကြီး ၂ ဦး၊ ရဲဘော်၂ဦးနှင့် ၅ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ရေဦးအခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောကြားသည်။

သို့သော် ကလေးငယ်မှာ ရရှိထားသောဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)
(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)

“တစ်လုံးက ခင်ဦးအနောက်ခြမ်း သက်ပေးရွာမှာကျတယ်။ လူကြီး ၂ဦး၅နှစ်အရွယ်ကလေးငယ်တစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့လို့ ဆေးကုသွားရင်း လမ်းမှာ ၅နှစ်အရွယ်ကလေးတစ်ဦး သေဆုံးခဲ့ရတယ်။ လူကြီး၂ဦးကတော့ ဆေးကုသမှုခံယူနေတယ်။ နောက်တစ်လုံးက ဒီပဲယင်းအရှေ့ခြမ်း ညောင်လှရွာမှာ ကျတယ်။ရဲဘော်၂ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။မစိုးရိမ်ရဘူး။”ဟုကိုထူးခန့်ဇော်က ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)
(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)

စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ရေဦးနယ်တောင်ဘက်ခြမ်းနှင့် ဒီပဲယင်းအရှေ့ခြမ်းရှိ ရွာပေါင်း၂၀ခန့်မှ စစ်ရှောင်ပြည်သူ ၅၀၀၀ကျော် ထွက်ပြေးနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုစစ်ကြောင်းသည် ရေဦးနယ်တောင်ဘက်ခြမ်းနှင့် ဒီပဲယင်းနယ်အရှေ့ခြမ်း မြို့နယ်ချုပ်စပ်ရှိ ပေါက်သာ၊ ဆည်ကြီး၊ ဇိန့်ဇွန်းရွာများတွင် တပ်စွဲထားကြောင်း သိရသည်။