Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက ရဲချုပ်အ​ပြောင်းအလဲပြုလုပ်

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်အား ရဲချုပ်တာဝန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပူးတွဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီမီဒီယာက ဇူလိုင်လ ၂၁ ရက်နေ့ညတွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

(စစ်​ကောင်စီ ရဲချုပ် အဖြစ်မှ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်​ပြောင်းလဲတာဝန်​ပေးခံရ​သော ဗိုလ်ချုပ်ဇင်​မင်းထက်ကို ။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီ ရဲချုပ် အဖြစ်မှ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်​ပြောင်းလဲတာဝန်​ပေးခံရ​သော ဗိုလ်ချုပ်ဇင်​မင်းထက်ကို ။ဓါတ်ပုံ-စစ်​ကောင်စီ)

စစ်​ကောင်စီက ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်ကို ရာထူးမှ ဖယ်ရှားလိုက်ပြီး ၎င်း၏ နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကိုအစားထိုး ခန့်အပ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်အား ရဲချုပ်တာဝန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပူးတွဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီမီဒီယာက ဇူလိုင်လ ၂၁ ရက်နေ့ညတွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇင်မင်းထက်သည် ၂၀၂၂ ခုနှစ် မေလလက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကို စစ်ကောင်စီက ဖြုတ်ချပြီးနောက် ရဲချုပ်အဖြစ် တာဝန်‌ပေးခံရသူဖြစ်သည်။ ဗိုလ်ချုပ်ဇင်မင်းထက်ကို ရဲချုပ်အဖြစ်ခန့်အပ်စဉ်ကလည်း ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ပေးခဲ့ခြင်းဖြစ်သည်။

ထို​ကြောင့် ၎င်းသာ ၁ နှစ်ကျော်သာ ရဲချုပ်ရာထူးရခဲ့သည်။

၎င်းအား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်သည်ကို တွေ့ရသည်။

“အုပ်ချုပ်ရေး ပရမ်းပတာတွေ ဖြစ်နေတာ။ လူသစ်စုလည်းမရ။ ရဲထဲမှာ အဂတိ‌ ရော ကိုယ်ကျင့်တရားရော ဆိုးနေတာ။ ကျမတို့တောင် ကြည့်နေကြည့်စားနေရတယ်” ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။