Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာတွင် စစ်ကောင်စီတပ် လေးရက်ဆက်တိုက်ခိုက်ခံရ၊ အရာရှိအပါအဝင် ခြောက်ဦးခန့် သေဆုံးဟုဆို

ဇူလိုင် ၁၅ ရက်က မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်ကို မန္တလေး PDFက ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဇူလိုင် ၁၆ ရက် ညကစတင်ကာ မတ္တရာနယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးခဲ့သည်။

(မတ္တရာမြို့နယ် နှင့် အနီးဝန်းကျင်ကို Google Map.တွင်​တွေ့ရပုံ)
(မတ္တရာမြို့နယ် နှင့် အနီးဝန်းကျင်ကို Google Map.တွင်​တွေ့ရပုံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အ‌ရှေ့ပိုင်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်အား လေးရက်အတွင်း ငါးကြိမ်တိုက်ခိုက်ရာ အရာရှိတစ်ဦးအပါအဝင် ‌ခြောက်ဦးခန့် သေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ပြောသည်။

ဇူလိုင် ၁၅ ရက် နံနက် ၈နာရီ ၁၅ မိနစ်ခန့်က မန္တလေးမှ မတ္တရာမြို့နယ်ဘက်သို့ တက်လာသော စစ်ကောင်စီတပ်ယာဥ် ငါးစီးကို ဘဲခြံနှင့် ကျောက်တံတား စာသင်ကျောင်းကြားတွင် ရှေ့ထွက်မိုင်းကြီးများဖြင့် မတ္တရာ(ပကဖ)က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ကား နှစ်စီးထိမှန်ခဲ့ပြီး ထိခိုက်မှုများနိုင်ကြောင်း မတ္တရာ(ပကဖ)အဖွဲ့က ပြောသည်။

ထိုနေ့ ဇူလိုင် ၁၅ ရက် နံနက် ၉နာရီခန့်က ဆည်တော်လမ်းခွဲမှ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ဆီသို့ ဦးတည်လာသော စစ်ကား သုံးစီးကို ဗျည်းပုံကျေးရွာနှင့် စလေကျေးရွာကြားတွင် ပကဖအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ပစ်မှတ်ကားများကို တိုက်ရိုက်ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးကာ ရှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ပကဖက ဆိုသည်။

Public Service Announcement
Public Service Announcement

ဇူလိုင် ၁၆ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်ကလည်း ကျောက်ဆည်လေးကျေးရွာမှ ဆင်းလာသော စစ်ကောင်စီတပ်သားများကို ကျွဲလည်ပင်းချောင်းပေါင်ပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိတစ်ဦးနှင့် တပ်ကြပ်ကြီး တစ်ဦး မိုင်းထိမှန် သေဆုံးခဲ့ကြောင်း ပကဖက ပြောသည်။

ဇူလိုင် ၁၇ ရက် ညနေ ၆ နာရီ မိနစ် ၄၀ခန့်ကလည်း ကျောက်တံတားကျေးရွာမှ လာသော စက်လက်တစ်လက်ပါ စစ်ကောင်စီ၏ ယာဥ်လေးစီးပါ ယာဥ်တန်းကို မကျီးကုန်းကျေးရွာနှင့် အောင်ချမ်းသာကျေးရွာကြားတွင်မိုင်းကွင်းကြီးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပကဖက ပြောသည်။

စစ်သားများလိုက်ပါလာသည့် နောက်ဆုံး Light Truck ကားကို တိုက်ရိုက်ထိမှန်သွားခဲ့သည်ဟုဆိုသည်။ ကားမှာ ဝန်ချီစက်ဖြင့် မယူကာ အခြားကားကြီးပေါ်တင်၍ ပြန်သယ်ယူရသည်အထိပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ရှစ်ဦး ဒဏ်ရာရပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ဇူလိုင် ၁၈ ရက် ညနေ ၅နာရီခန့်ကလည်း ကင်းကျေးရွာရှိ စစ်တပ်အရာရှိတစ်ဦး၏ နေအိမ်သို့ရောက်ရှိနေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း မတ္တရာ(ပကဖ)က ပြောသည်။

“စကစက အင်အားအလုံးအရင်းနဲ့ မတ္တရာနယ်အရှေ့ပိုင်းကို စစ်ကြောင်းထိုးတယ်။ ပထမဆုံးဝင်လာတာက အင်အား ၄၀၀ လောက်ရှိတယ်။ နောက်ထပ်အင်အားတစ်ရာကျော်ထပ်ဝင်လာတယ်။ အင်အား ၆၀၀နီးပါးလောက်နဲ့ ဖြန့်ထိုးတဲ့ပုံစံမျိုး လုပ်သွားတယ်။ ဘီလူးစစ်ကြောင်းပါဝင်လာတယ်လို့သိရတယ်။”ဟု မတ္တရာပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကြောင်းများတွင် တပ်မ (၃၃)၊ တပ်မ(၉၉)နှင့် နန်းတွင်းအခြေစိုက်တပ်၊ သပိတ်ကျင်းတပ်၊မတ္တရာနှင့် စစ်ကိုင်းတိုင်းဝက်လက်နယ်ဘက်စစ်ကြောင်းထိုးနေသော တပ်များပါဝင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင် ၁၅ ရက်က မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်ကို မန္တလေး PDFက ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဇူလိုင် ၁၆ ရက် ညကစတင်ကာ မတ္တရာနယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်ကြောင့် ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အောင်ချမ်းသာကျေးရွာမှ နေအိမ် ၂၅လုံး၊ ကျောက်ဆည်လေးကျေးရွာမှ နေအိမ် ၁၀၀ ကျော်၊ ဆီးဖြူပင်ကျေးရွာမှ ရွာလုံးကျွတ်နီးပါး၊ ရုန်းပင်နှင့်ရှားစေးချက်ကျေးရွာ အိမ်ခြေအချို့ မီးရှို့ဖျက်ဆီးခံထားရသည်။