Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းမှာ ထောင်ဖောက်ပြေးတဲ့ ထိုင်း နဲ့ မြန်မာ ၂ ဦး နာရီပိုင်းအတွင်းပြန်မိ

အကျဉ်းထောင်အနောက်ဖက် သစ်တောထဲဝင်ပြေးသွားတဲ့မြန်မာအမျိုးသားကိုလည်း ၂ နာရီခန့်အကြာ မနက် ၁၀ နာရီခန့်မှာ ဖမ်းမိခဲ့ပါတယ်။

Photo - Piyarat Chongcharoen
Photo - Piyarat Chongcharoen

ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနာပူရီ အကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ထိုင်း နိုင်ငံသား နဲ့ မြန်မာ နိုင်ငံသား ၂ဦးတို့ မနေ့မနက်ပိုင်းက ထောင်ဖောက်ပြေးခဲ့ပေမယ့် ပြန်လည်ဖမ်းမိသွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါတယ်။

မနက် ၈ နာရီခန့်မှာ ထောင်ဖောက်ပြေးကြတာပါ။ သူတို့ ၂ ဦးဟာ ၆ ပေခန့် မြင့်တဲ့ သံဆူးကြိုးကို ကျော်ဖြတ်ပြီးထွက်ပြေးသွားတာလို့ သိရပါတယ်။

ထောင်ဖောက်ပြေးသူ ၂ ဦးအနက် ထိုင်းအမျိုးသားကိုတော့ အကျဉ်းထောင်လုံခြုံရေးတွေ ကအချိန်တိုတွင်း ပြန်မိသွားပါတယ်။

အကျဉ်းထောင်အနောက်ဖက် သစ်တောထဲဝင်ပြေးသွားတဲ့မြန်မာအမျိုးသားကိုလည်း ၂ နာရီခန့်အကြာ မနက် ၁၀ နာရီခန့်မှာ ဖမ်းမိခဲ့ပါတယ်။

အခုလို ထောင်ဖောက်ပြေးသူ ၂ ဦးဟာ ထောင်မှာ ပြစ်ဒဏ်ကျခံနေရသူတွေမဟုတ်ဘဲ ပြန်လည်ထူထောင်ရေးအစီအစဉ်နဲ့ ထိန်းသိမ်းထားသူတွေဖြစ်တယ်လို့သိရပါတယ်။