Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်ခတ်တောင်တိုက်ပွဲ ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခဲ့သည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးကို စစ်ကောင်စီအရေးယူဟု KNU ထုတ်ပြန်

အဆိုပါ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား ဇူလိုင် ၂၀ရက်နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂၅နာရီခန့်အကြာတွင် စခန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု တိုက်ပွဲ၌ ပါဝင်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ နှင့် KNLA - ကော်ဘရာ စစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ နှင့် KNLA - ကော်ဘရာ စစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

စစ်ရေးဗျူဟာအရ အချက်အချာကျသော ကရင်ပြည်နယ် မြ၀တီမြို့နယ်ရှိ လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တိုက်ပွဲ၌ဆုတ်မိန့်မရဘဲတပ်ဆုတ်ခဲ့သည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ကို စစ်ကောင်စီက အရေးယူထားသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား ဇူလိုင် ၂၀ရက်နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂၅နာရီခန့်အကြာတွင် စခန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု တိုက်ပွဲ၌ ပါဝင်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ရန်သူထိခိုက် သေဆုံးမှုစာရင်းအား စီစစ်ဆဲဖြစ်ပြီး တိုက်ပွဲအတွင်း ဆုတ်မိန့် မရပဲ တပ်ဆုတ်ခဲ့ သော ခမရ(၂)မှ တပ်ရင်းမှူး အာကာအောင် နှင့် ဒုတပ်ရင်းမှူး ကျော်သူမောင်တို့ နှစ်ဦးအား အာဏာဖီဆန်မှုဖြင့် မွန်ပြည်နယ် ကျိုက်ထိုမြို့ အကျဥ်းထောင်တွင် အပြစ်ပေးထောင်ချခံနေရကြောင်း KNLA – ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေး သို့ အတည်ပြုပြောကြားခဲ့သည်ဟု KNU ဗဟို၏ ယနေ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းစခန်းကုန်း၌ အာဏာသိမ်း စစ်ကောင်စီတပ်မှ အင်အား ၆၀ကျော်ရှိသော ခမရ(၂)တပ်ရင်း နှင့် ခမရ(၁၁၈)တပ်ရင်း (၂)ရင်းတပ်စွဲထားခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ရန်သူဘက်မှ ထိခိုက်သေဆုံးမှု များစွာရှိခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ဆက်သွယ်ရေး စက် (၁)လုံး၊ (၆၀)မမ ကျည် (၁၆)လုံး၊ ရှေ့ထွက်မိုင်း (၆) လုံး၊ ကားမိုင်း (၉)လုံး၊ Jammer စက် (၂)လုံး၊ မိုင်းရှာစက် (၂)လုံး၊ စက်လက်ပြောင်း (၁) ပြောင်း၊ ကွန်မန်ဒို (၆၀) မမ ပြောင်း (၂)လက်၊ (၄၀) မမ ကျည် (၉) လုံး၊ G3 ကျည်ဘောက် (၄) ခု၊ MA ကျည်ဘောက် (၂) ဘောက်၊ စစ်ခမောက် (၈) လုံး၊ RPG ပို့ယမ်း (၃) တောင့်၊ RPG သီး (၁) လုံး၊ ၇.၆၂ ကျည် (၁၈၈၀) တောင့် နှင့် ၅.၅၆ ကျည် (၃၀၂) တောင့် တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးမှုမရှိဘဲ ၆ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။