Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားသော နေရာသုံးခုကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်မှ ဝက်လက်မြို့အဝင်အထွက်ကို လုံခြုံရေးတင်းကြပ်ထားပြီး တိုက်ခိုက်ခံရမှုကြောင့် ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေများကို သတင်းဖုံးထားကြောင့် စုံစမ်းသိရသည်။

(တော်လှန်ရေးရဲဘော်များက ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသော နေရာသုံးခုကို ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်)
(တော်လှန်ရေးရဲဘော်များက ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသော နေရာသုံးခုကို ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသော နေရာသုံးခုကို ဒရုန်းဖြင့် နှစ်ကြိမ်သွားရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် PDF တပ်ရင်း(၁)နဂါးနီတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

ယမန်နေ့(ဇူလိုင် ၂၃)နံနက် ၈နာရီခွဲခန့်က စစ်ကောင်စီတပ်တပ်စွဲထားသော ဝက်လက်မြို့မရဲစခန်း၊ ရဲစခန်းအနီးမှ မီးသတ်ရုံးနှင့် တိုင်းရင်းဆေးရုံစသည့် နေရာသုံးခုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့မှ ဦးဆောင်၍ ကျောက်ဆည်ခရိုင်တပ်ရင်း(၁)၊ ရွှေဘိုခရိုင် တပ်ရင်း(၁၅)တို့ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီးလေးလုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ဝက်လက် မီးသတ်၊ ရဲစခန်းရယ် ပြီးတော့ တိုင်းရင်းဆေးရုံ သုံးနေရာပေါ့။ တိုင်းရင်းဆေးရုံဆိုပေမယ့် အဲဒီနေရာက ဘယ်လူနာမှ မနေတော့ဘူး။ သူတို့တွေ ပဲတပ်စွဲပြီးနေတာ ရဲစခန်းနဲ့ နီးတယ်။ အဲနေရာမှာ ပျူတွေနဲ့ ​၁၄၀လောက်နေတယ်။ ကျနော်တို့ ဒရုန်းနှစ်စင်းသုံးတယ်။ တစ်ပိဿာခွဲအလေးချိန်ရှိတဲ့ ဗုံးသီးလေးလုံးနဲ့ ကြဲချခဲ့တယ်။ ထိခိုက်သေဆုံးများနိုင်တယ်၊ ဒါပေမဲ့ အတိအကျ မသိရသေးဘူး”ဟု တပ်ရင်း(၁)မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

အလားတူ ယင်းနေ့(ဇူလိုင် ၂၃)ည ၁၁နာရီကျော်တွင်လည်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့်နေရာတစ်ခုဖြစ်သော ဝလက်ရဲစခန်းအနီးမှ အဆောက်အဦးကို ဗုံးသီးရှစ်လုံးကြဲချ၍ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement
Public Service Announcement

ဝက်လက်ဒေသခံ ကင်းထောက်တစ်ဦးက “မနက်ပိုင်းဗုံးချပြီးတဲ့အချိန် လယ်ထဲရောက်နေတဲ့ ဝက်လက်မြို့ထဲကလယ်သမားတစ်ဦးက အသံကြားလို့ ကြောက်လို့ဆိုပြီးတော့ မြို့ထဲပြန်ဝင်လာတဲ့အချိန်မှာမြေကျင်းတူးတာလည်း မြင်ခဲ့တယ်။ ပြီးတော့ (စစ်ကောင်စီတပ်မှ)နှစ်ယောက်ကတော့ တော်တော်လေးအခြေအနေဆိုးတယ်လို့ ကြားခဲ့တယ်။ နောက်ပြီး ရပ်ကွက်ဆေးဆိုင်ကနေ ဆလိုင်းပိုက်တွေ၊ ဆေးတွေဝယ်သွားတယ်လို့ သိရတယ်။ အနားပတ်ပတ်လယ်ကအိမ်တွေကိုလည်း သူတို့ခုလိုလုပ်တဲ့ကိစ္စမပေါက်ကြားဖို့၊ တကယ်လို့ပေါက်ကြားရင် သတ်ပစ်မယ်ဘာညာဆိုပြီး ခြိမ်းခြောက်သွားတယ်”ဟု နံနက်ပိုင်းတိုက် ခိုက်မှုအပြီး စစ်ကောင်စီတပ်လှုပ်ရှားမှုအခြေအနေကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ဝက်လက်မြို့ပေါ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးဝင်း(ဒေသအခေါ် ဘက်စုံခြံ) အတွင်းမြေလွတ်တစ်ခုတွင် ကျင်းတူ၍ သေဆုံးသူအချို့အား မြှပ်နှံနေသည်ကိုတွေ့မြင်ရသော်လည်း ဘယ်နှစ်ဦးရှိသည်ဆိုသည်ကို အတိအကျ မသိရကြောင်း ၎င်းကင်းထောက်က ဆက်ပြောသည်။

အထက်ပါတိုက်ခိုက်မှုများတွင် နံနက်ပိုင်းတိုက်ခိုက်မှု၌ စစ်ကောင်စီဘက်မှ နှစ်ဦးထက်မနည်းသေဆုံးကြောင်း ဒေသခံများကပြောဆိုကြပြီး ညပိုင်းတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးရှိမရှိ People’s Spring က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်မှ ဝက်လက်မြို့အဝင်အထွက်ကို လုံခြုံရေးတင်းကြပ်ထားပြီး တိုက်ခိုက်ခံရမှုကြောင့် ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေများကို သတင်းဖုံးထားကြောင့် စုံစမ်းသိရသည်။