Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် မန္တလေးရွှေဈေးကွက်ပိတ်ထား

ဒီနေ့ ဈေးကွက်ပြန်ဖွင့်ချိန်မှာတော့ ဝယ်လိုအား များနေတယ်လို့ မန်းမြို့ဈေးရှိ ရွှေအရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောပါတယ်။

(ပုံဟောင်း)
(ပုံဟောင်း)

စစ်ကောင်စီထုတ်မယ့် ကျပ်နှစ်သောင်းတန် ဂယက်ကြောင့် ဒီနေ့ မှာ မန္တလေးမြို့ ရဲ့ရွှေဈေးကွက်ကို ပိတ်ထားရတယ်လို့ ရွှေလုပ်ငန်းရှင်အချို့ထံကသိရပါတယ်။

ငွေစက္ကူဂယက်ကြောင့် ရွှေဈေးကစားတာမျိုးမဖြစ်စေဖို့ ဈေးကွက်ယာယီပိတ်ထားမယ်လို့ မန္တလေးရွှေအသင်းကလည်းဒီနေ့မှာ ကြေညာပါတယ်။

ဒီမနက် ဈေးကွက်ဖွင့်ချိန်မှာ ရွှေပေါက်ဈေး သတ်မှတ်နိုင်တာမျိုးမရှိသလို ရွှေဆိုင်အများစုလည်းအရောင်းပိတ်လိုက်တာပါ။

ရွှေသွားရောက်ဝယ်သူတစ်ဦးရဲ့ပြောပြချက်အရ ရွှေဆိုင်တွေဟာ ရွှေအရောင်းပိတ်ပြီး အဝယ်သာလက်ခံတယ်လို့သိရပါတယ်။

“၃၂သိန်းဝန်းကျင်နဲ့ ပြန်ဝယ်ပေးတယ် ၊ ရောင်းမပေးဘူး” လို့ ရွှေသွားရောက်ဝယ်သူခဲ့သူက ဆိုပါတယ်။

ကျပ်နှစ်သောင်းတန် ထုတ်မယ်လို့ စစ်ကောင်စီက ကြေညာတဲ့ မနေ့ ဇူလိုင်လ ၂၃ ရက်ဟာ တနင်္ဂနွေနေ့ဖြစ်ပြီး ဈေးကွက်ပိတ်တဲ့နေ့ဖြစ်ပေမယ့် အဲဒီနေ့ကတည်းက ရွှေဆိုင်အချို့အရောင်းပိတ်ထားတာပါ။

ဒီနေ့ ဈေးကွက်ပြန်ဖွင့်ချိန်မှာတော့ ဝယ်လိုအား များနေတယ်လို့ မန်းမြို့ဈေးရှိ ရွှေအရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းရွှေအသင်းကတော့ ရွှေဈေးတည်ငြိမ်ဖို့ ရွှေဆိုင်တွေ ကို မေတ္တာရပ်ခံစာထုတ်ထားတာတွေ့ရပါတယ်။

ဒီနေ့ နေ့လယ် အထိ အခေါက်ရွှေ တစ်ကျပ်သားကို ပြင်ပဈေးကွက်မှာ ကျပ် ၃၅ သိန်းဝန်းကျင်ထိ ဈေးတက်နေပါတယ်။