Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်သင်္ဘောယာဥ်အုပ်စု ပစ်ခတ်ခဲ့၍ မတ္တရာမြို့နယ်ရှိ သားအမိနှစ်ဦး ကျည်ထိမှန်

ယနေ့ (ဇူလိုင် ၂၆ ရက်) နံနက်ပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာလာသော ထောက်ပို့ယာဥ် သုံးစီးပါ စစ်သင်္ဘော ၉စီးသည် မတ္တရာနယ်ရှိ မြစ်ကမ်းဘေး ကျေးရွာများသို့ လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ခတ်ခဲ့သည်။

(မတ္တရာနယ်နှင့် စဥ့်ကူးနယ်အတွင်းသို့ ဖြတ်သန်းနေသော စစ်​သင်္ဘောများအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetet Informational Network)
(မတ္တရာနယ်နှင့် စဥ့်ကူးနယ်အတွင်းသို့ ဖြတ်သန်းနေသော စစ်​သင်္ဘောများအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetet Informational Network)

ဧရာဝတီမြစ်အတွင်း ဆန်တက်လာသော စစ်ကောင်စီ၏ သင်္ဘောယာဥ်အုပ်စုက ပစ်ခတ်ခဲ့၍ မတ္တရာမြို့နယ်၊ စိန်းပန်းကုန်းရွာမှ သားအမိနှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇူလိုင် ၂၆ ရက်) နံနက်ပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာလာသော ထောက်ပို့ယာဥ် သုံးစီးပါ စစ်သင်္ဘော ၉စီးသည် မတ္တရာနယ်ရှိ မြစ်ကမ်းဘေး ကျေးရွာများသို့ လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ခတ်ခဲ့သည်။

မွန်းလွဲပိုင်းတွင် မတ္တရာမြို့နယ် စိန်ပန်းကုန်းရွာအနီး၌ ဖြတ်သန်းစဥ် ရမ်းသမ်းပစ်ခတ်ခဲ့ရာအသက် (၄၀)အရွယ် အမျိုးသမီးနှင့် သားဖြစ်သူ (၄)နှစ်အရွယ်တို့ ကျည်ထိမှန်ခဲ့ကြောင်း Wet Let Informational Network အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“အပစ်ခံရတာ သားအမိပါ။ လောလောဆယ်ဆေးခန်းတော့ ပို့ထားတယ်။ အခြေအနေကတော့မသိရသေးဘူး။”ဟု ၎င်းက ပြောသည်။

စစ်သင်္ဘောများ၏ ပစ်ခတ်မှုကြောင့် မတ္တရာနှင့် စဥ့်ကူးနယ်ရှိ ကျွန်းပေါ်ကျေးရွာအများအပြားထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်သင်္ဘောများသည် ညနေ ၃နာရီခွဲခန့်တွင် စဉ့်ကူးမြို့နယ် ဇီးကုန်းရွာအနီး မြစ်ကြောင်းမှ ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။

ထို့ကြောင့် မြစ်ဘေးကျေးရွာများမှ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။