Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ် ပေါက်ချိုင်ရွာ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များတိုက်ခိုက်

ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ ရက်)က အင်အား ၄၇ ဦးခန့်ပါ စစ်ကောင်စီတပ်သည် သပြေကန်ရွာရှိစာသင်ကျောင်းနှင့် နေအိမ်တစ်လုံးကို မီးရှို့ခဲ့သည်။

ရွှေဘိုနယ် ဘိုးနတ်တောင်ရှိ စစ်ကောင်စီတပ် အား ဒေသကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့မှ ရဲဘော်များတိုက်ခိုက်နေစဉ်
ရွှေဘိုနယ် ဘိုးနတ်တောင်ရှိ စစ်ကောင်စီတပ် အား ဒေသကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့မှ ရဲဘော်များတိုက်ခိုက်နေစဉ်

▪️ရွှေဘိုနယ် ဘိုးနတ်တောင်ရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ပေါက်ချိုင်ကျေးရွာမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်အား လက်နက်မျိုးစုံဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ ရက်)က အင်အား ၄၇ ဦးခန့်ပါ စစ်ကောင်စီတပ်သည် သပြေကန်ရွာရှိစာသင်ကျောင်းနှင့် နေအိမ်တစ်လုံးကို မီးရှို့ခဲ့သည်။

ထို့နောက် ပေါက်ချိုင်ကျေးရွာကိုပါ စစ်ကြောင်းထိုး မီးရှို့နေစဉ် ဒေသတွင်း PDF များက တိုက်မိုင်း၊ ဆွဲမိုင်း အလုံး ၂၀ ကျော်၊ (၆၀) မမ လတ်နက်ကြီးကျကွဲများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၅ဦးသေဆုံးပြီး ၁၈ဦး ဒဏ်ရာရရှိသွားကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သည် စစ်ကြောင်းဆက်မထိုးနိုင်တော့ဘဲ ဒဏ်ရာရသူများအားထမ်းခေါ်ကာ အင်အား ၄၉ဦးဖြင့် တည်သီးတောပျူရွာဘက်သို့ ဝင်သွားကြောင်း သိရသည်။

“သေဆုံးမှုတွေ ဘယ်လို အတည်ပြုလဲဆိုရင် စစ်ကြောင်း တောက်လျှောက် ကပ်လိုက်သတင်းယူခဲ့တာ။ ပေါက်ချိုင်ရွာအဝင်မှာ ကောင်၇၄ကောင် ဝင်လာပြီး တည်သီးတောဘက်အကူးမှာ ၄၉ ကောင်ပဲ ပြန်သွားနိုင်ပါတယ်။ တိုက်မိုင်း၊ဆွဲမိုင်းများတင် အလုံး ၂ဝကျော်ကွဲပြီး အလောင်းတွေကို ပြည်သူ့နေအိမ်များထဲ မီးရှို့ခဲ့တယ်။ မိုင်းမိနေရာတွေမှာလည်း သွေးကွက်တွေ၊ ဆေးကုသမှု ခံယူထားတာတွေ အသုံးဆောင်တွေ ကျန်ရစ်ခဲ့တာကိုကြည့်ပြီး အတည်ပြုပါတယ်”ဟု ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၂ ရက်ကစတင်ကာ ရွှေဘိုမြို့နယ် ကျောက်မြင့်၊တင့်တယ်ရွာ၊ ငါးဆူကုန်း၊မဲတော၊ချီပါ၊ပလိုင်း၊ရေတော်မူ၊ ဝါးရုံကန်၊သန်းတော၊ထူးကြီး၊တည်ပင် ကျေးရွာများအား ရွာစဉ်လှည့် မီးရှို့နေသော စစ်ကြောင်းဖြစ်ပြီး ပေါက်ချိုင်ကျေးရွာကနေအိမ် ၅၇လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့နှင့် ဗိုလ်ဂျပန်ကြီးt.t.t- Shwebo -LPDF ၊ C&T SHWEBO LPDF၊ဗိုလ်ကျားပျံ – ရွှေဘို (LPDF)၊တောင်သူကြီးများအဖွဲ့-LDF၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့၊ SNAKE EYES PDF ၊ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ် ညီနောင်များ၊ ဝက်လတ်မဟာမိတ် ညီနောင်များ၊ ဒီပဲယင်း မဟာမိတ် ညီနောင်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့အနေဖြင့် မဟာမိတ်ညီနောင်များနှင့်အတူ ပြည်သူများအား တက်အားသရွေ့ ကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်ပြီး လက်နက်အင်အား မမျှတခြင်းကြောင့် အပြည့်အဝကာကွယ်မပေးနိုင်ခြင်းဖြစ်ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့က အသိပေးသည်။

ထို့အပြင် ရွှေဘိုမြို့နယ်၊ ဘိုးနတ်တောင်ပေါ်သို့ရောက်နေသော စစ်ကောင်စီတပ်ဖွဲ့နှင့်ပျုစောထီး ပူးပေါင်းအဖွဲ့အား PDF နှစ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိပြီး စစ်အုပ်စု၏ လက်နက်ကြီးထိ၍ နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF၏ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်လွန်းညီက ပြောသည်။

ဖေဖော်ဝါရီ ၁၇ရက် ညနေပိုင်းက စစ်ကိုင်းတိုင်း၊ရွှေဘိုအရှေ့ခြမ်း ကုလားမ၊လက်ကောက်ကျကျေးရွာ အနောက်ဘက် ဘိုးနတ်တောင်နှင့် တောင်လှအပေါ်သို့ရောက်ရှိနေသော စစ်ကောင်စီတပ်နှင့် မခေါက်ကျေးရွာ၊ ဟင်္သာကြီးကျေးရွာမှ ပျူစောထီးပူးပေါင်းတပ်များအား ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်လှုပ်ရှားစစ်ဒေသ)ရဲဘော်များနှင့် Brave Brothersတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်အုပ်စုအား လက်လုပ်(၆၀) မမများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က ပြန်လည်ပစ်ခတ်သဖြင့် အပြန်အလှန် ၁နာရီခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လွန်းညီက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် ပျူတစ်ဦး ‌သေဆုံးကာအများအပြားဒဏ်ရာရရှိသွားကြောင်း၊ ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း PRFက ဆိုသည်။

“သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ စက်လတ်တွေနဲ့ဆွဲတယ်။ ကျွန်တော်တို့ဘက်က စနိုက်ပါနဲ့ ပစ်ခတ်လိုက်တယ်။ အဲဒီမှာ ပျူတစ်ဦး ထိမှန်သေဆုံးသွားတယ်။”ဟု ပြန်ကြားရေးတာဝန်ခံ ရဲဘော်လွန်းညီက ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး-PRFအသိပေးသည်။

ထိုဖြစ်စဥ်ဖြစ်ပွားပြီးနောက် စစ်အုပ်စုသည် လူနေကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် နေ့ညမရွေးပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Facebook

You May Also Like

သတင်း

ဖေ​ဖော်ဝါရီ ၂၂ ရက်တွင်ပြင်ပပေါက်ဈေးကွက်တွင်အခေါက်ရွှေတစ်ကျပ်သား ၂,၈၆၀,၀၀၀ပေါက်ဈေးရှိ​သော်လည်းစစ်​ကောင်စီကာ၂,၇၉,၀၀၀ကျပ်ဖြင့်​ရောင်းချရန်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သတင်း

“စခန်းသိမ်းခံနီးမှာ စစ်ကောင်စီတပ်ဘက်ကလေကြောင်း ပစ်ကူလာလို့ ပြန်ဆုတ်လာရတယ်။ တိုက်ပွဲက မနက် ၅နာရီကနေ ၉နာရီအထိကြာတယ်”ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် အနောက်ပိုင်းတိုင်း၊တပ်ရင်း (၇၀၃)မှ PDFတစ်ဦးကပြောသည်။

သတင်း

မင်းတုန်းမြို့နယ် ပုသိမ် - မုံရွာလမ်း မင်းတုန်းမြို့အဝင် ၅ မိုင်စစ်ဆေးရေးဂိတ်ကို ပြည်သူ့ ကာကွယ်ရေး တပ်မတော်(သရက်ခရိုင်) တပ်ရင်း (၄) Eagle Force နှင့် မိုးကြိုးပြောက်ကျား တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် အီနာဂါဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးနိုင်သည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီနာမည်ပြောင်းလိုက်တဲ့ မြို့ဟာကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ်ထဲမှာရှိပြီး မြို့နယ်ခွဲ ဖြစ်ကာ တရုတ် − မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းရှိပါတယ်။