Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်မြို့အဝင်ဂိတ်ကို စစ်ကောင်စီက ယနေ့ညပိတ်လိုက်ဟု ဒေသခံပြော

ယနေ့နံနက်ပိုင်းမှစ၍ မူဆယ်မြို့အနီး စယ်လန့်ရွာတွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ညပိုင်းအထိ ပစ်ခတ်မှုများ ဆက်ရှိနေသည်ဟု ဆိုသည်။

(၂၀၂၀ မေလ ၁၁ရက်က မူဆယ်မြို့အဝင် တိုးဂိတ် ဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MOI)
(၂၀၂၀ မေလ ၁၁ရက်က မူဆယ်မြို့အဝင် တိုးဂိတ် ဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MOI)

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့ အဝင်တိုးဂိတ်ကို စစ်ကောင်စီက ယနေ့ညပိုင်း၌ ပိတ်လိုက်ကြောင်း မူဆယ်ဒေသခံက ပြောသည်။

ယနေ့နံနက်ပိုင်းမှစ၍ မူဆယ်မြို့အနီး စယ်လန့်ရွာတွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ညပိုင်းအထိ ပစ်ခတ်မှုများ ဆက်ရှိနေသည်ဟု ဆိုသည်။

“မြို့လုံခြုံရေးအနေနဲ့ ပိတ်တာပါ။ ပစ်တာကတော့ ကွက်ကျားပဲပစ်နေကြတာ။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြို့ထဲကို ဝင်ပစ်သွားတာရှိခဲ့တယ်ပြောကြတာ။ အခုအဲဒီလို မဖြစ်အောင်မြို့အဝင်ပေါက် တွေ ပိတ်လိုက်တာလည်းဖြစ်နိုင်တယ်”ဟု မူဆယ်ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

မူဆယ်နယ် စယ်လန့်ကျေးရွာတွင် TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင် ၂၃ရက် ညနေပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သုံးဦးသေဆုံးခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

ယနေ့တိုက်ပွဲတွင်လည်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်က TNLA ရှိရာသို့ ထိုးစစ်ဆင် လာ၍ ယနေ့ နံနက် ၁၀နာရီခန့်မှ ညနေ ၄နာရီကျော်အထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA သတင်းပြန်ကြားရေး အရာရှိက ပြောသည်။

စစ်ကောင်စီတပ်ဘက်က မူဆယ် (၁၀၅)မိုင်နှင့် နမ့်ဖက်ကာဘက်မှ လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟုလည်း TNLAက ပြောသည်။