Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်မြို့နယ် စယ်လန့်ရွာတွင် TNLAနှင့် စစ်ကောင်စီတိုက်ပွဲထပ်ဖြစ်

စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ TNLAက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သုံးဦးသေဆုံးခဲ့ဟု TNLAက အသိပေးထားသည်။

(တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီးတွင် ယနေ့နံနက်က တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးအရာရှိက အတည်ပြုသည်။

ဇူလိုင် ၂၉ရက် နံနက် ၁၀နာရီကတိုက်ပွဲစတင်ခဲ့ပြီး ၆နာရီကျော်ကြာမြင့်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဖြစ်စဉ်က ဒီနေ့က မူဆယ်မြို့ စယ်လန့်ရွာနား စေတီကုန်းဘက်မှာ။ မြန်မာစစ်တပ်နဲ့ ပြည်သူ့စစ်တို့က ပူးပေါင်းပြီး TNLA ရှိတဲ့နေရာကို ထိုးစစ်ဆင်ပြီးမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်တယ်”ဟု TNLA ပြန်ကြားရေးအရာရှိက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အထိအခိုက်မသိရသေးသော်လည်း TNLA ဘက်က ထိခိုက်မှုမရှိဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“အဲဒီ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ (၁၀၅)မိုင်မှာရှိတဲ့ မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ကူပေးတာရှိတယ်။ နမ့်ဖက်ကာ အခြေစိုက်တဲ့စစ်ကောင်စီတပ်ကလည်း ပစ်တာရှိတယ်”ဟု TNLA သတင်းနှင့် ပြန်ကြားရေးအရာရှိက ပြောသည်။

အဆိုပါ စယ်လန့်ကျေးရွာတွင် ဇူလိုင် ၂၃ရက်လည်း TNLAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည်။

ထိုစဉ်ကလည်း စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ TNLAက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သုံးဦးသေဆုံးခဲ့ဟု TNLAက အသိပေးထားသည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ယခု ဇူလိုင်လအတွင်း တိုက်ပွဲ ခုနစ်ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူအပြင် လေကြောင်း တိုက်ခိုက်မှုများ အသုံးပြုတိုက်ခိုက်ခဲ့သည်။ ရှမ်းမြောက်ဒေသများဖြစ်သည့် ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆယ်နှင့် လားရှိုးမြို့နယ်များ အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။