Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၂၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️NUGနဲ့ ပူးပေါင်းဆောင်ရွက်မှုအား လျှော့ချဖို့ သုံးသပ်နေသည်ဟု ပြောဆိုခြင်းမရှိဟု ပဒိုမန်းမန်း ရှင်းလင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းဆောင်ရွက်မှု လျှော့ချဖို့ KNU အနေဖြင့် သုံးသပ်နေဟု လူမှုကွန်ရက်မှာ သတင်းမှား ဖြန့်ဝေလျက်ရှိရာ ကရင်တော်လှန်ရေးသမားတစ်ဦးဖြစ်တဲ့ ပဒိုမန်းမန်းက သတင်းတုသာဖြစ်တယ်လို့ တုန့်ပြန်ရှင်းလင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီ တွေ့ဆုံဆွေးနွေးပွဲလုပ်ပါက CRPH/NUGလည်း ဒေါ်အောင်ဆန်းစုကြည် လျှောက်တဲ့လမ်းကို လိုက်မှာဖြစ်လို့ NUGနဲ့ ပူးပေါင်းဆောင်ရွက်နေခြင်းများ အားလုံးကိုလျှော့ချပစ်ဖို့ KNU အနေဖြင့် ပြန်လည်သုံးသပ်နေတယ်လို့ ပဒိုမန်းမန်းက ပြောဆိုကြောင်း စာသားနဲ့ ပဒိုမန်းမန်း ပုံတို့ကို ပူးတွဲဖော်ပြကာ ဖြန့်ဝေမှုများ ရှိနေတဲ့အပေါ် ပဒိုမန်းမန်းက သတင်းတု/သတင်းမှား ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

NUGနှင့် ပူးပေါင်းဆောင်ရွက်မှုအားလျှော့ချရန် သုံးသပ်နေသည်ဟု ပြောဆိုခြင်းမရှိကြောင်း ပဒိုမန်းမန်း ရှင်းလင်း
NUGနှင့် ပူးပေါင်းဆောင်ရွက်မှုအားလျှော့ချရန် သုံးသပ်နေသည်ဟု ပြောဆိုခြင်းမရှိကြောင်း ပဒိုမန်းမန်း ရှင်းလင်း

▪️ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး NLD လိုလား

မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဗဟိုကော်မတီက ဆုံးဖြတ်အတည်ပြုကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီရဲ့ ကြားကာလဒုတိယအကြိမ် အစည်းအဝေးကို ဒီနေ့ အွန်လိုင်း(Zoom)မှတဆင့် ကျင်းပခဲ့ပြီး မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ဖို့၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာမှာ တိုင်းရင်းသားများနဲ့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားရေးရာကော်မတီကို အင်အားတိုးချဲ့ဖွဲ့စည်းဖို့ စတဲ့အချက်များအပါအဝင် ဆုံးဖြတ်ချက် ၇ ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့တယ်လို့ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

(ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ရှိ UN ရုံးရှေ့၌ ၂၀၂၁ ဖေဖော်ဝါရီ ၁၇ရက်က ဆန္ဒပြတောင်းဆိုနေစဉ်။ ဓာတ်ပုံ - PS)
(ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ရှိ UN ရုံးရှေ့၌ ၂၀၂၁ ဖေဖော်ဝါရီ ၁၇ရက်က ဆန္ဒပြတောင်းဆိုနေစဉ်။ ဓာတ်ပုံ – PS)

▪️ခမ်းပတ်နဲ့ တမူးမြို့နယ်စပ် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်အထိနာလို့ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း ခမ်းပတ်နဲ့ တမူးမြို့နယ်စပ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး မနေ့ နေ့ခင်းက တိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာကာ လေကြောင်းမှ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ခမ်းပတ်နှင့် တမူးမြို့နယ်စပ်၌ တိုက်ပွဲပြင်းထန်
ခမ်းပတ်နှင့် တမူးမြို့နယ်စပ်၌ တိုက်ပွဲပြင်းထန်

တမူးမြို့နဲ့ (၂၄)မိုင်ခန့်ဝေးပြီး ခမ်းပတ်နဲ့ တမူးနယ်စပ်ရှိ ဘုတ်ကန်ကျေးရွာကို စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဥ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောပါတယ်။ ခမ်းပတ်မြို့အနီး ဇူလိုင် ၂၂ ရက်မှစတင်ပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ တိုက်ပွဲများဖြစ်ပွားနေတာပါ။

ခမ်းပတ်နှင့် တမူးမြို့နယ်စပ်၌ တိုက်ပွဲပြင်းထန်
ခမ်းပတ်နှင့် တမူးမြို့နယ်စပ်၌ တိုက်ပွဲပြင်းထန်

▪️လွိုင်ကော်-မိုးဗြဲနဲ့ လွိုင်ကော်-ဆီဆိုင်လမ်းပိုင်း အသုံးပြုနိုင်ပြီဟု KNDF အသိပေး

တစ်ပတ်ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လွိုင်ကော်-မိုးဗြဲနဲ့ လွိုင်ကော်-ဆီဆိုင်လမ်းပိုင်းများအား ပြည်သူများ ပြန်လည်အသုံးပြုနိုင်ပြီလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီရဲ့ လက်နက်၊ခဲယမ်းနဲ့ လူအင်အား အဓိကထောက်ပို့ရာ အထက်ပါလမ်းမကြီးများကို ဇူလိုင် ၁၈ ရက်ကစလို့ KNDF တပ်ရင်း (၂)က အသုံးပြုခွင့် တားမြစ်ခဲ့တာပါ။ KNDF ရဲ့ သတိပေးချက်ကြောင့် စစ်ကောင်စီမှာ အရပ်သားကားများကို အသုံးပြုနိုင်မှုမရှိတော့ဘဲ စစ်ကားများဖြင့် ရှမ်းပြည်အခြေစိုက်တပ်များကို ကရင်နီသို့ အင်အားဖြည့်တင်းခဲ့ရတယ်လို့ တာ၀န်ရှိသူက ဆိုပါတယ်။

(လွိုင်ကော် - မိုးဗြဲ ဒေသကြား၌ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် KNDFတပ်ဖွဲ့ဝင်များအား ယခင်က တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(လွိုင်ကော် – မိုးဗြဲ ဒေသကြား၌ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် KNDFတပ်ဖွဲ့ဝင်များအား ယခင်က တွေ့ရစဥ်။ ဓာတ်ပုံ – KNDF)

▪️မွန်နဲ့ တနင်္သာရီအစပ် ၆ ရက်တာတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ

မွန်ပြည်နယ် ရေးမြို့နယ်နဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ်အစပ် အလယ်စခန်းအနီး ၆ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ၁၀၀ ဦးခန့် သေဆုံးတယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDFပူးပေါင်း စစ်ကြောင်းမှာ ပါဝင်တဲ့ ရေးပြောက်ကျားတပ်ဖွဲ့(YGF)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၁၉ ရက်ကစလို့ ရေးနဲ့ ရေဖြူနယ်အစပ် အလယ်စခန်းအနီးသို့ စစ်ကောင်စီတပ်က ခန့်မှန်းအင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာရာ KNLA တပ်ရင်း(၂၇)၊ ရေးပြောက်ကျားတပ်(YGF)၊ မွန်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO)စတဲ့ ပူးပေါင်းတပ်ဖွဲ့များနဲ့ ဇူလိုင် ၂၄ ရက်အထိ ၆ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒေသခံကာကွယ်ရေးတပ်များရှိရာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းများထိုးလာပြီး တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်တယ်လို့ MSRO တာဝန်ရှိသူက ပြောပါတယ်။

(ရေးနှင့် ရေဖြူမြို့နယ်အစပ် အလယ်စခန်းအနီးတိုက်ပွဲရှေ့တန်းရောက် PDF ပူးပေါင်းတပ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MSRO)
(ရေးနှင့် ရေဖြူမြို့နယ်အစပ် အလယ်စခန်းအနီးတိုက်ပွဲရှေ့တန်းရောက် PDF ပူးပေါင်းတပ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – MSRO)

▪️စစ်ကောင်စီ သင်္ဘောအုပ်စုကို သပိတ်ကျင်းမှာ KIA/PDF ပူးပေါင်းတိုက်ခိုက်

မန္တလေးဂေါဝိန်ဆိပ်မှ ဧရာ၀တီမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ သင်္ဘောအုပ်စုကို မနေ့က သပိတ်ကျင်းမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တယ်လို့ PDFနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သပိတ်ကျင်းဒေသ ကာကွယ်ရေးတပ်များက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးဘဲ စုံစမ်းနေဆဲဖြစ်ပါတယ်။ အဲဒီစစ်သင်္ဘောအုပ်စုမှာ မနေ့ စဥ့်ကူးမြို့နယ်မှာလည်း တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများရှိတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။

(အထက်သို့ဆန်တက်လာ​သော စစ်သင်္ဘောများအား ဧရာဝတီမြစ်အတွင်းတွေ့ရစဥ်။ ဓာတ်ပုံ - Wet Let Informational Network)
(အထက်သို့ဆန်တက်လာ​သော စစ်သင်္ဘောများအား ဧရာဝတီမြစ်အတွင်းတွေ့ရစဥ်။ ဓာတ်ပုံ – Wet Let Informational Network)

▪️ဆိပ်ဖြူမှာ စစ်တပ်က နှစ်ပတ်အတွင်း ပြည်သူငါးဦးသတ်ဖြတ်၊ ကျေးရွာ လေးရွာ မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က နှစ်ပတ်အတွင်း ဒေသခံပြည်သူ ငါးဦးကို သတ်ဖြတ်ပြီး ကျေးရွာ လေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်များက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၀ ရက်မှစတင်ကာ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဂွေးတိုတဲတိုက်ရှိ ဒေသခံပြည်သူ သုံးဦး၊ စိုင်ဖြူကျေးရွာအနီးမှာ ဒေသခံတစ်ဦးနဲ့ အရှေ့ကမ်းဖြူရွာမှာ ဒေသခံတစ်ဦးတို့ကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မိဘုရားချိုင့်ရွာ နေအိမ်များ၊ စိုင်ဖြူရွာမှ နေအိမ် ၁၇ လုံး၊ တောင်ရွာမကျေးရွာရှိ နေအိမ် လေးလုံး၊ ကံတွင်းရွာရှိ နေအိမ်လေးလုံး ပြာကျခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

ကံတွင်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-WLSPG
ကံတွင်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-WLSPG