Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲနယ်တွင် စစ်ကောင်စီတပ်ရန်ကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်

ဇူလိုင် ၂၇ရက်က ဆားလင်းကြီးမြို့မှထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် ပုလဲနယ်တောင်ပိုင်း‌ရှိ ကျေးရွာများဆီဦးတည်လာခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပုလဲနယ်မှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ ပအဖ၊Pale Entertainment)
(ထွက်ပြေးတိမ်းရှောင်လာသော ပုလဲနယ်မှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ ပအဖ၊Pale Entertainment)

▪️ဒေသတွင်း PDF များနှင့် တိုက်ပွဲဖြစ်ပွားနေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်မှ ပုလဲမြို့နယ်သို့ရောက်လာသော စစ်ကောင်စီစစ်ကြောင်း ရန်ကြောင့် ဒေသခံ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသတွင်း PDFများနှင့်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၂၇ရက်က ဆားလင်းကြီးမြို့မှထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် ပုလဲနယ်တောင်ပိုင်း‌ရှိ ကျေးရွာများဆီဦးတည်လာခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပုလဲနယ်မှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ ပအဖ၊Pale Entertainment)
(ထွက်ပြေးတိမ်းရှောင်လာသော ပုလဲနယ်မှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – ပုလဲ ပအဖ၊Pale Entertainment)

ထို့ကြောင့် ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး သက်ဆိုင်ရာ ရပ်ကျေး ပအဖ၊ပကဖများက နေရာထိုင်ခင်းနှင့် အစားအသောက်များ စီစဥ်ပေးခဲ့ကြောင်း ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

“၁၂ရွာက ရွာအကြီးကြီးတွေ။ တချို့ရွာတွေက လူဦးရေ သုံးထောင်လေးထောင်၊ ငါးထောင်လောက်ရှိတဲ့ရွာက လေးရွာပါတယ်။ ကျန်တဲ့ရွာတွေကလည်း ငါးရာ၊ ခုနစ်ရာရှိတာပဲ။ ခန့်မှန်းခြေ နှစ်သောင်းလောက်ရှိတယ်။”ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၂၈ရက် နံနက်က ကျွန်းဘိုကုန်းကျေးရွာသို့ ဝင်ရောက်ပြီး ကျေးရွာနေပြည်သူများ၏ပစ္စည်းများ လုယက်ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပုလဲနယ်မှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ ပအဖ၊Pale Entertainment)
(ထွက်ပြေးတိမ်းရှောင်လာသော ပုလဲနယ်မှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – ပုလဲ ပအဖ၊Pale Entertainment)

နံနက် ၇နာရီခွဲခန့်တွင် အဆိုပါစစ်ကြောင်းကို နွယ်ရှောက်၊အင်ကြင်းစု၊လှော်ကား ကျေးရွာများကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ မိနစ်၃၀ကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး PDFရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီဘက်က ထိခိုက်တဲ့သူတွေကို လှော်ကားရွာထဲဝင်ပြီး ဆေးကုခဲ့တယ်။”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပုလဲနယ်မှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ ပအဖ၊Pale Entertainment)
(ထွက်ပြေးတိမ်းရှောင်လာသော ပုလဲနယ်မှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – ပုလဲ ပအဖ၊Pale Entertainment)

ထို့နောက် စစ်ကောင်စီတပ်သည် မွန်းလွဲပိုင်းတွင် အင်မထီးရွာမှ ပျူစောထီးများနှင့်ပေါင်း၍ လှော်ကားကျေးရွာမှ ပစ္စည်းများ လှည်းများဖြင့် လုယူသယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်ကလည်း ပုလဲမြို့နယ်၊ ညောင်ကုန်းရွာတွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်တစ်ပါးအပါအဝင် ပြည်သူ ၁၀ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူအများအပြား ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် အဆောက်အဦးများပျက်စီးခဲ့သည်။