Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော် – မိုးဗြဲလမ်းပိုင်း၌ တိုက်ပွဲဆက်ဖြစ်နိုင်၍ ပြည်သူများ စစ်ရေးသတိရှိကြရန် KNDF သတိပေး

ယမန်နေ့(သြဂုတ် ၂ ရက်)နံနက်ပိုင်းက ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးပေါ်မှတဆင့် စစ်ကောင်စီ၏ တပ်ဖွဲ့များမှာ ဖရူဆိုမြို့ဖက်သို့ဦးတည်၍ စစ် ကြောင်းထိုး လာသောကြောင့် တော်လှန်ရေးတပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

(ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF-B02)
(ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF-B02)

လွိုင်ကော် – မိုးဗြဲလမ်းပိုင်း၌ တိုက်ပွဲဆက်လက် ဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း (၂)က ယနေ့ ထုတ်ပြန်သည်။

ဇူလိုင် ၂၀ရက်ကစတင်ခဲ့သည့် လွိုင်ကော် – မိုးဗြဲ လမ်းမကြီးတိုက်ပွဲမှာ ဇူလိုင် ၂၅ရက်အထိ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား၂၀ သေဆုံး​ပြီး ကရင်နီပူးပေါင်းတပ်က လက်နက် ရှစ်လက် ရရှိခဲ့သည်။

“တိုက်ပွဲက ပြီးသွားတာမျိုးမဟုတ်ဘူး။စစ်ကောင်စီရဲ့ လှုပ်ရှားမှုပေါ်မူတည်ပြီး ဆက်ဖြစ်နိုင်တယ် ။အဲဒါကြောင့် စစ်ရေးသတိနဲ့ မိုးဗြဲ – လွိုင်ကော် ရော ဆီဆိုင်-လွိုင်ကော် လမ်းပိုင်းကို ပြည်သူတွေအသုံးပြုဖို့လိုတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ရှမ်းပြည်အခြေစိုက်တပ်များအား ကရင်နီ​ဒေသသို့ အင်အားဖြည့်တင်းရာတွင် မိုးဗြဲ -လွိုင်ကော် လမ်းပိုင်းမှာ စစ်ကောင်စီ၏ အဓိကထောက်ပို့လမ်း ကြောင်း ဖြစ်နေသည်။

ထို့အတူ ကရင်နီဒေသတွင်း တိုက်ပွဲများတွင် အထိနာနေသည့် စစ်ကောင်စီက ဇွန်လဒုတိယပတ်ကစ၍ ထောင်နှင့်ချီသော ၎င်းတို့တပ်သားများအား ဝေဟင်၊မြေပြင်မှတဆင့် အင်အားဖြည့်တင်းလျက်ရှိသည်။

ယမန်နေ့(သြဂုတ် ၂ ရက်)နံနက်ပိုင်းက ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးပေါ်မှတဆင့် စစ်ကောင်စီ၏ တပ်ဖွဲ့များမှာ ဖရူဆိုမြို့ဖက်သို့ဦးတည်၍ စစ် ကြောင်းထိုး လာသောကြောင့် တော်လှန်ရေးတပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အထက်ပါ စစ်ရေးအ​ခြေနေများကြောင့် ဒေါညင်းခူ – ထီးပေါ့ဆို လမ်းအားအသုံးပြု၍ သွားလာနေကြသောပြည်သူများအနေဖြင့် မြေပြင်စစ်ရေးအခြေနေအရ ယနေ့မှစ၍ အထက်ပါလမ်းအား ယာယီပိတ်ထားမည်ဖြစ်ပြီးဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြရန် KNDFက သတိပေးထားသည်။