Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခမ်းပါတ်မြို့ အနီးတိုက်ပွဲပြန်ဖြစ်

ယမန်​နေ့ (သြဂုတ် ၂ )ရက်တွင် ခမ်းပါတ်မြို့နယ် ၊ကံမကြီးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး ယ​နေ့ (သြဂုတ် ၃) နံနက်တွင် ထင်းဇင်ရွာတွင်တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်းသိရသည်။

(ခမ်းပါတ်မြို့ အနီးဝန်းကျင်ကိုGoogleMapတွင်​တွေ့ရမှူ)
(ခမ်းပါတ်မြို့ အနီးဝန်းကျင်ကိုGoogleMapတွင်​တွေ့ရမှူ)

တမူးမြို့နယ်၊ ခမ်းပါတ်မြို့အနီး ဇူလိုင်လကုန်ပိုင်းတွင် တိုက်ပွဲများ​ခေတ္တရပ်နားပြီး စစ်​ရေးတင်း​နေရာမှ နှစ်ရက်ဆက်တိုက်ပွဲပြန်ဖြစ်​ကြောင်း​ဒေသခံအချို့က ​ပြောသည်။

ယမန်​နေ့ (သြဂုတ် ၂ )ရက်တွင် ခမ်းပါတ်မြို့နယ် ၊ကံမကြီးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး ယ​နေ့ (သြဂုတ် ၃) နံနက်တွင် ထင်းဇင်ရွာတွင်တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်းသိရသည်။

“ထင်းဇင်ရွာသစ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေတပ်သားတွေတိုက်နေပါတယ်။စစ်‌ကောင်စီကလယ်ပြင်လမ်းကနေတက်လာတာပါ”ဟု​ဒေသခံတစ်ဦးက​ပြောသည်။

အင်အား( ၈၀ ) ဝန်းကျင်ပါ​သော စစ်​ကောင်စီတပ်သည် ကံမကြီးရွာမှ ပြည်သူ သုံးဦးကို ​ပေါ်တာဆွဲလာပြီး ထင်းဇင်ရွာသို့လာ၍ ဘုန်းကြီး​ကျောင်း၌ တပ်စွဲထားစဥ် ​ဒေသတွင် ​တော်လှန်​ရေးအင်အားစုများက ယ​နေ့ နံနက် ၈ နာရီခွဲခန့်တွင်စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံ အချို့က​ပြောသည်။

“ဒီနေ့ကရွာထဲမှာကိုဖြစ်နေတာပါ။ခုတော့ဘယ်ဘက်ကထုတာလည်းမမြင်ရပေမယ့်လက်နက်ကြီးထုသံတွေပါကြားရတယ်”ဟု ​ဒေသခံတစ်ဦးက People’s Spring သို့ပြောသည်။

၂ ရက်ဆက်တိုက်ပွဲတွင် ထိခိုက်ကျဆုံးမှု အ​ခြေအ​နေများကိုမူ မသိရ​သေး​ပေ။ စစ်​ကောင်စီက တမူးမြို့နယ် ၊ခမ်းပါတ်မြို့အနီးဝန်းကျင်များကို ဖုန်းနှင့် အင်တာနက်လိုင်းများဖြတ်​တောက်ထား၍​ဆက်သွယ်​ရေးခက်ခဲ​နေ​ကြောင်းလည်းသိရသည်။

Public Service Announcement
Public Service Announcement

ယမန်​နေ့က တိုက်ပွဲဖြစ်ပွားခဲ့​သော ကံမကြီးရွာနှင့် ယ​နေ့တိုက်ပွဲဖြစ်​သော ထင်းဇင်ရွာ သည် ရွာနီးခြင်းဖြစ်ပြီး သစ်​တော်တစ်ခုသာခြားကာ တိုက်ပွဲများမှာ ခမ်းပါတ်မြို့မှ ​မြောက်ဘက်သို့​ရွေ့လာ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

“ခမ်းပါတ်ပီ ၊ကနန် ၊ကံမကြီး ၊ထင်းဇင် ၊ ဘုတ်ကန်တစ်ဆက်တည်းရွာတွေပါ။တိုက်ပွဲကမြောက်ပိုင်းကိုတဖြေးဖြေးနဲ့တိုးသွားတယ်။ထင်းဇင်ပီးရင်တော့ဘုတ်ကန်ဖြစ်မယ်လို့ထင်တာပဲ”ဟု​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်၍ အိန္ဒိယနယ်စပ်သို့ထွက်​ပြေး​သောစစ်​ဘေး​ရှောင်များကို အိန္ဒိယနယ်စပ်မှ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ဆိုင်ကယ်နှင့် ကားများကို အဝင်မခံဘဲ လူကိုသာ​ပေးဝင်​ကြောင်းလည်း​ဒေသခံအချို့က ​ပြောသည်။ ဇူလိုင် ၂၇ ရက်​နောက်ပိုင်းတွင် အိန္ဒိယက နယ်စပ်သို့ထွက်​ပြေးတိမ်း​ရှောင်လာ​​သော စစ်​ဘေး​ရှောင်ပြည်သူများကို ​နေရပ်ပြန်ခိုင်းခဲ့​သေးသည်။ထို​နောက် ယ​​​နေ့တွင်မူ လူချည်းသက်သက် ပြန်လည်ဝင်​ရောက်ခွင့်ပြုခြင်းဖြစ်သည်။

ခမ်းပက်မြို့ရှိ ရဲစခန်းနှင့် စစ်​ကောင်စီတပ်ကို ​တော်လှန်​ရေးအင်အားစုများက ဇူလိုင် ၂၂ ရက်ညတွင်စတင်တိုက်ခိုက်ပြီး စစ်တပ်က က​လေးမြို့မှ စစ်သားများကို ဇူလိုင် ၂၃ ရက်တွင်လေ​ကြောင်းမှ ခမ်းပက်မြို့ နှင့်အနည်းငယ်​သာ​ဝေး​သော​နေရာသို့ချ၍ ပို့​ပေးခဲ့သည်။ ထိုစစ်ကူများကိုပါ​တော်လှန်​ရေးအဖွဲ့များက ဇူလိုင် ၂၃ ရက်တွင် ကြားဖြတ်တိုက်၍ စစ်​ကောင်စီတပ်အထိနာခဲ့သည်။ထို​​နောက် တိုက်ပွဲ ​များပိုမိုပြင်းထန်လာပြီး ဇူလိုင် ၂၅ ရက်မှစ၍ ​လေ​ကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ထိုအပြင် ခမ်းပါတ်မြို့​ပေါ်ရှိ​နေအိမ်များကိုပါ မီးရှို့ ခဲ့သည်။

တိုက်ပွဲများ​ကြောင့်​ဒေသခံပြည်သူ ​ထောင်နှင့်ချီ၍ ​ဘေးလွတ်ရာထွက်​ပြေးတိမ်း​ရှောင်​နေကြရသည်။ စစ်​ဘေး​ရှောင်က​လေးငယ်တစ်ဦးမှာထွက်​ပြေးတိမ်း​ရှောင်စဥ် ​နေထိုင်မ​ကောင်းဖြစ်ပြီးအချိန်မိ​​ဆေးကုသမှု မခံရ၍ကွယ်လွန်ခဲ့သည်။ထို့အပြင် စစ်​ဘေး​ရှောင်ပြည်သူတစ်ဦးမှာ ​​စစ်​ဘေး​ရှောင်​နေရာမှ ရွာပြန်စဥ် စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ထို​နောက် ဇူလိုင် လကုန်ပိုင်းတွင်နှစ်ဖက် ကြားတပ်ဆိုင်ထားပြီး တိုက်ပွဲ​ခေတ္တရပ်နားခဲ့ရာမှ သြဂုတ် ၂ ရက်တွင်တိုက်ပွဲများပြန်ဖြစ်ခဲ့သည်။ထို​ကြောင့် ထွက်​ပြေး​နေ​သောစစ်​ဘေး​ရှောင်များ​နေရပ်မပြန်နိုင်ကြ​သေး​ပေ။