Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၂ နှစ်ခွဲကာလအတွင်း အမျိုးသမီး ၃,၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃,၆၀၀ ကျော်ထဲမှာ ၈၃၅ ဦးဟာ ပြစ်ဒဏ်ချခံလိုက်ရတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂက ဖော်ပြပါတယ်။

၂ နှစ်ခွဲကာလအတွင်း အမျိုးသမီး ၃,၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရ
၂ နှစ်ခွဲကာလအတွင်း အမျိုးသမီး ၃,၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်ခွဲကာလအတွင်း နိုင်ငံတဝှမ်းအမျိုးသမီး ၃,၆၀၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂက ဆိုပါတယ်။

အဲဒီစာရင်းဟာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့အချက်အလက်တွေကို မှီးငြမ်းသလို ခိုင်လုံတဲ့သတင်းမီဒီယာတွေရဲ့ဖော်ပြချက်တွေကိုအခြေခံထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃,၆၀၀ ကျော်ထဲမှာ ၈၃၅ ဦးဟာ ပြစ်ဒဏ်ချခံလိုက်ရတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ မှာဆိုရင်လည်း ဖမ်းဆီးခံရတဲ့ အမျိုးသမီးအရေအတွက်ဟာ တိုးလာတယ်လို့ ဆိုထားပါတယ်။

ဇူလိုင်လ တစ်လအတွင်း အမျိုးသမီး ၁၉ ဦး ဖမ်းခံရကာ အချို့ဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဘက်ပြောင်းဖို့ လူမှုကွန်ရက်မှာရေးသားတယ်ဆိုတဲ့စွပ်စွဲချက် ၊ တော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါအပြင် ပေါက်ကွဲမှုတွေနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရမှုတွေလည်းအမျိုးသမီးတွေဖမ်းခံရတာတွေရှိနေပါတယ်။