Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်မဲတွင် လက်ဖက်ရည်ဆိုင်ထိုင်​နေ​သော မြို့နယ်စည်ပင်ဦးစီးမှူးနှင့်လျှပ်စစ်အရာရှိ​သေနတ်အပစ်ခံရ၍​သေဆုံး

ကျောက်မဲမြို့၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ၊ဦးစီးမှူးနှင့် နမ္မတူမြို့မှ လျှပ်စစ်ဌာန အရာရှိတစ်ဦးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဟု သိရသည်။

(​ကျောက်မဲမြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(​ကျောက်မဲမြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪︎အတူထိုင်​နေ​သောအုပ်ချုပ်​ရေးမှူးလက်ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင်ယနေ့နေ့လယ် ၁၂နာရီခန့်က စစ်​ကောင်စီ၏ မြို့နယ်စည်ပင်ဦးစီးမှူးနှင့် လျှပ်စစ်ဌာန အရာရှိ သေနတ်ဖြင့် ပစ်သတ်ခံ ရ​ကြောင်း​ဒေသခံများက​ပြောသည်။

ကျောက်မဲမြို့၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ၊ဦးစီးမှူးနှင့် နမ္မတူမြို့မှ လျှပ်စစ်ဌာန အရာရှိတစ်ဦးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဟု သိရသည်။

Public Service Announcement
Public Service Announcement

” ကျောက်မဲမြို့၊စည်ပင်ဦးစီးမှူးက ပြောင်းလာတာ မကြာသေးဘူး။ဆိုင်ထဲဝင်ပစ်သွားတာ။ သူနဲ့အတူရှိနေတဲ့နမ္မတူမြို့က လျှပ်စစ်ဌာန အရာရှိတစ်ဦးလည်း သေတယ်။ အုပ်ချုပ်ရေးမှူးက လက်ထိသွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ပစ်ခတ်မှုသည် ကျောက်မဲမြို့ ၁ရပ်ကွက်ရှိ မြို့တော်ခန်းမအနီး လက်ဖက်ရည်ဆိုင်တဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

အမျိုးသမီးအမည်ဖြင့် ဖွင့်ထားသည့် ထိုလက်ဖက်ရည်ဆိုင်သည်စစ်ကောက်စီလက်အောက်ခံ ‌များ လာရောက်ထိုင်နေကြဆိုင်ဟု​ဒေသခံအချို့က​ပြောသည်။ ပစ်ခတ်သူနှစ်ဦးနှင့် ပတ်သက်၍ စစ်ကောင်စီတပ်က မေးမြန်းစစ်ဆေးသည်ကို ဒေသခံများက ဖြေလိုက်ကြရကြောင်းလည်း သိရသည်။