Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး ရွှေမဟာနွယ်ပရဟိတအသင်း ဥက္ကဋ္ဌ အမျိုးသမီးထပ်မံ ဖမ်းခံရ

အောင်မြေသာစံမြို့နယ်က နေအိမ်မှာ မနေ့ နေ့ခင်းပိုင်းက လာရောက်ဖမ်းဆီးသွားတာလို့ ဒေါ်နွယ်နွယ်ဝင်းနဲ့နီးစပ်သူတစ်ဦးကအတည်ပြုပါတယ်။

မန္တလေး ရွှေမဟာနွယ်ပရဟိတအသင်း ဥက္ကဋ္ဌ အမျိုးသမီးထပ်မံ ဖမ်းခံရ
မန္တလေး ရွှေမဟာနွယ်ပရဟိတအသင်း ဥက္ကဋ္ဌ အမျိုးသမီးထပ်မံ ဖမ်းခံရ

ထောင်ကနေလွတ်လာပြီး လပိုင်းပဲကြာသေးတဲ့ မန္တလေးမြို့ ရွှေမဟာနွယ်ပရဟိတ အသင်း ဥက္ကဋ္ဌ အမျိုးသမီး ကို စစ်ကောင်စီတပ်က မနေ့က ထပ်မံဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။

ပရဟိတအသင်းဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ဝင်းဟာ သြဂုတ်လ ၈ ရက်မှာကျရောက်တဲ့ ရှစ်လေးလုံးနှစ်ပတ်လည် လှုပ်ရှားမှုမှာပါဝင်တယ်ဆိုကာ ဖမ်းဆီးဖို့အတွက် စစ်ကောင်စီလော်ဘီတယ်လီဂရမ်တွေမှာ ဖော်ပြခံရပြီးနောက် ဖမ်းခံရတာပါ။

အောင်မြေသာစံမြို့နယ်က နေအိမ်မှာ မနေ့ နေ့ခင်းပိုင်းက လာရောက်ဖမ်းဆီးသွားတာလို့ ဒေါ်နွယ်နွယ်ဝင်းနဲ့နီးစပ်သူတစ်ဦးကအတည်ပြုပါတယ်။

အိမ်စီးကားနဲ့ရောက်လာတဲ့ အရပ်ဝတ်တွေက ဖမ်းဆီးသွားတာလို့လည်းဆိုပါတယ်။

အခုလို ဖမ်းဆီးခံရတဲ့ ဒေါ်နွယ်နွယ်ဝင်းဟာ စစ်တပ်အာဏာသိမ်းပြီး ၉ လကျော်အကြာ မှာ ဖမ်းဆီးခံရပြီး ဆူပူအောင်လှုံဆော်မှုနဲ့ ထောင်ချခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ လွတ်ငြိမ်းမှာ ပြန်လည်လွတ်မြောက်လာပြီး လပိုင်းအကြာမှာပဲ ဒုတိယအကြိမ် ထပ်မံဖမ်းခံရတာပါ။