Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၁၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်ကောင်စီအကြပ်အတည်းကြုံနေချိန် အားလုံး လက်တွဲတော်လှန်ကြဖို့ KIO ဥက္ကဋ္ဌ တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီ အကြပ်အတည်းကြုံနေချိန်ဖြစ်တဲ့အပြင် အများစုဖြစ်သော ဗမာလူမျိုးများအပါအဝင် တစ်နိုင်ငံလုံး တိုက်ပွဲဝင်နေချိန်ဖြစ်တာကြောင့် တော်လှန်ရေးမှာ အားလုံးလက်တွဲ တိုက်ပွဲဝင်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီနေ့ တိုက်တွန်းပါတယ်။ ဒီနေ့ ကျရောက်တဲ့ ကချင်အာဇာနည်နေ့မိန့်ခွန်းမှာ KIO ဥက္ကဋ္ဌက ပြောကြားခဲ့တာပါ။ ကချင်ဘာသာဖြင့်ပြောကြားတဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန့်ခွန်းပါ အဓိကအချက်မှာ စည်းလုံးညီညွတ်ဖို့ လိုအပ်တဲ့အကြောင်းဖြစ်တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ရှင်းပြပါတယ်။

စစ်ကောင်စီအကြပ်အတည်းကြုံနေချိန်နှင့် တစ်နိုင်ငံလုံးတိုက်ပွဲဝင်နေချိန်ဖြစ်၍ အားလုံး လက်တွဲတော်လှန်ကြရန် KIOဥက္ကဋ္ဌ တိုက်တွန်း
စစ်ကောင်စီအကြပ်အတည်းကြုံနေချိန်နှင့် တစ်နိုင်ငံလုံးတိုက်ပွဲဝင်နေချိန်ဖြစ်၍ အားလုံး လက်တွဲတော်လှန်ကြရန် KIOဥက္ကဋ္ဌ တိုက်တွန်း

▪️စစ်ရေးမှာ စစ်ကောင်စီတပ် အဘက်ဘက် ကျဆင်းနေပြီး ခံစစ်အနေအထားရောက်နေပြီလို့ KNU ပြော

လက်ရှိ စစ်ရေးအခြေအနေများအရ စစ်ကောင်စီတပ်ဟာ ခံစစ်အနေအထားသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးချုပ်စောတာမလာသောက ဒီနေ့ ပြုလုပ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ KNUရဲ့ (၁၇)ကြိမ်မြောက် ကွန်ကရက်အပြီး ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ခဲ့တဲ့ စစ်ရေး၊ နိုင်ငံရေးဆိုင်ရာများကို ဒီနေ့ ရှင်းလင်းခဲ့တာပါ။ လက်ရှိစစ်ရေးအခြေအနေမှာ KNU နယ်မြေဒေသ မြောက်ဘက်ခြမ်းရှိ စစ်တောင်းမြစ် အနောက်ဘက်ကမ်းကို စစ်ရေးဆင်နိုင်သကဲ့သို့ တောင်ဘက်မှာလည်း ရေး-ထားဝယ် ကားလမ်းကို စစ်ဆင်နိုင်ကြောင်း၊ KNU တပ်မဟာ(၁)နယ်မြေ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုကားလမ်းမကြီးမှာလည်း စစ်ဆင်နိုင်ကြောင်း ဗိုလ်မှူးချုပ် စောတာမလာသောက ပြောပါတယ်။

စစ်ရေးတွင် စစ်ကောင်စီတပ် အဘက်ဘက် ကျဆင်းနေပြီး ခံစစ်အနေအထားရောက်နေပြီဟု KNU ပြော
စစ်ရေးတွင် စစ်ကောင်စီတပ် အဘက်ဘက် ကျဆင်းနေပြီး ခံစစ်အနေအထားရောက်နေပြီဟု KNU ပြော

▪️လွိုင်ကော်မြို့တိုက်ပွဲ စစ်ကောင်စီတပ်ကြပ်ကြီးအပါအဝင် ၉ ဦးသေဟုဆို

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ နန်းကွတ်ရပ်ကွက်အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ကြပ်ကြီးအပါအဝင် ၉ ဦး သေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့ မနက်က နန်းကွတ်ရေစီးကွေ့ဘက်မှ စစ်ကောင်စီတပ်သားများ ဒန်ဘာကားဖြင့် ထွက်ခွါလာတာကို သတင်းရရှိသဖြင့် ကရင်နီပူးပေါင်းတပ်က စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီမှ တပ်ကြပ်ကြီး စိုးလှိုင်၊ တပ်ကြပ်လွင်ဦးတို့အပါဝင် ၉ ဦး သေဆုံးခဲ့ပြီး ၁၂ ဦးထက်မနည်းအပြင်းအထန် ဒဏ်ရာရရှိတယ်လို့ ကရင်နီတပ်မတော်(KA) သတင်းရင်းမြစ်က ပြောပါတယ်။

(လွိုင်ကော်မြို့၌ စစ်ကောင်စီတပ်နှင့် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသူများအား ၂၀၂၂၀ ဇန်နဝါရီ ၇ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - Karenni Free Burma Rangers)
(လွိုင်ကော်မြို့၌ စစ်ကောင်စီတပ်နှင့် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသူများအား ၂၀၂၂၀ ဇန်နဝါရီ ၇ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ – Karenni Free Burma Rangers)(လွိုင်ကော်မြို့၌ စစ်ကောင်စီတပ်နှင့် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသူများအား ၂၀၂၂၀ ဇန်နဝါရီ ၇ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ – Karenni Free Burma Rangers)

▪️ကျောက်မဲမှာ စစ်​ကောင်စီဝန်ထမ်းနှစ်ဦးအသတ်ခံရပြီး​နောက် စစ်တပ်က ညမထွက်ရ အမိန့်ထုတ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအရာရှိနှစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီက ညမထွက်ရအမိန့် စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။။ ကျောက်မဲမြို့နယ်မှာ ည ၇ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို ဩဂုတ် ၇ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာလို့ ဒေသခံများက ပြောပါတယ်။ ကျောက်မဲမြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးအောင်စည်နဲ့ နမ္မတူမြို့နယ် လျှပ်စစ်မြို့ပြအင်ဂျင်နီယာ ဦးဉာဏ်ထက်နိုင်တို့ ဩဂုတ် ၆ ရက် နေ့ခင်းက ကျောက်မဲမြို့ မြို့နယ်ခန်းမအနီးရှိ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးအတွင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတာပါ။

(​ကျောက်မဲမြို့ကိုအ​ပေါ်စီးမှ​တွေ့ရမှု ။ဓါတ်ပုံ-CJ)
(​ကျောက်မဲမြို့ကိုအ​ပေါ်စီးမှ​တွေ့ရမှု ။ဓါတ်ပုံ-CJ)

▪️မန္တလေး-မြင်းခြံလမ်းပိုင်း စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ မန္တလေး-မြင်းခြံလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီးတယ်လို့ မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း Natogyi People Defence Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက နွားထိုးကြီးမြို့နဲ့ ၁၀ မိုင်ခန့်အကွာ မင်းစုံတောင်ရှောက်တောရိုးကွေ့မှာ နွားထိုးကြီးမြို့နယ်မှ မောင်းနှင်လာတဲ့ အင်အား ၄၀ ကျော်ပါ စစ်ကောင်စီ ယာဥ်သုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မျက်မြင်ပြည်သူများရဲ့ အဆိုအရ ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများအနက် လေးဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးအထက်ရှိနိုင်တယ်လို့ နွားထိုးကြီး PDFက ခန့်မှန်းပါတယ်။

(စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တစ်နေရာ၌တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ ဓာတ်ပုံ - AFP)
(စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တစ်နေရာ၌တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ ဓာတ်ပုံ – AFP)

▪️စစ်ကိုင်းတိုင်း မြို့နယ်လေးခုရှိ စစ်အုပ်စုနေရာများကို မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်လေးခုမှာ စစ်ကောင်စီတပ်စွဲရာနေရာများကို မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် နှစ်ရက်ဆက် ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ သြဂုတ် ၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရှိရာ ၀က်လက်မြို့နယ် အထွေထွေအုပ်ရေးမှူးဦးစီးဌာနရုံးနဲ့ မီးသတ်ရုံးအတွင်းသို့ ဗုံးသီး တစ်လုံးစီ၊ လှတောရဲစခန်းအတွင်းသို့ ဗုံးသီး နှစ်လုံးချ တိုက်ခိုက်ခဲ့တယ်လို့ စစ်ဆင်ရေးမှာပါ ပါဝင်ခဲ့တဲ့ ဒေါင်းတမန်အဖွဲ့က ပြောပါတယ်။ စစ်အုပ်စုဘက်က အထိအခိုက်ရှိနိုင်ပြီး စစ်ဆင်ရေးများကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(၁၆)ဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

(ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့မှ ရဲဘော်များ လေယာဥ်ငယ်များစမ်းသပ်ထုတ်လုပ်နေစဥ်။ ဓာတ်ပုံ - Daung Ta Mann)
(ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့မှ ရဲဘော်များ လေယာဥ်ငယ်များစမ်းသပ်ထုတ်လုပ်နေစဥ်။ ဓာတ်ပုံ – Daung Ta Mann)

▪️စစ်ကောင်စီရေယာဉ်အုပ်စုကို ကနီနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှစ်ရက်ဆက်တိုက်ခိုက်

မုံရွာမြို့ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်စုကို ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နှစ်ရက်ဆက်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ဆန်တက်လာတဲ့ စစ်သင်္ဘောအပါအဝင် ထောက်ပို့ သင်္ဘောရှစ်စီးကို ကနီမြို့အခြေစိုက် ချိုးငှက်ပြောက်ကျားတပ်ဖွဲ့၊ သိန်းငှက်ပျောက်ကြားတပ်ဖွဲ့၊ ချိုမိုင်မိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဘုတလင်ခရိုင်တပ်ရင်း(၁၆)တို့က ဩဂုတ် ၈ ရက်မှာ တိုက်ခိုက်တာလို့ ချိုးငှက်ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ နေ့ခင်းကလည်း အဲဒီစစ်ရေယာဥ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ KLG PDF(ကျောက်လုံးကြီး)အဖွဲ့က ထုတ်ပြန်ပါတယ်။

(ချင်းတွင်းမြစ်အတွင်း၌ စစ်ကောင်စီ၏ သင်္ဘာတစ်စင်းဖြတ်သန်းသွားလာနေသည်ကို ၂၀၂၂ တွေ့ရစဉ်။ ဓာတ်ပုံ - ANPTT)
(ချင်းတွင်းမြစ်အတွင်း၌ စစ်ကောင်စီ၏ သင်္ဘာတစ်စင်းဖြတ်သန်းသွားလာနေသည်ကို ၂၀၂၂ တွေ့ရစဉ်။ ဓာတ်ပုံ – ANPTT)

▪️ပြည်သူများလှူတဲ့ငွေဖြင့် ကရင်နီစစ်ရှောင်များကို ကျပ်သိန်း ၄၀၀ နီးပါးရှိ အကူအညီများပေးအပ်နေဟု NUG အသိပေး

ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို အစားအစာနှင့် အမိုးအကာများ ဆက်လက်ထောက်ပံ့ပေးလျက်ရှိပြီး ကျပ်သိန်း ၃၈၀ ကျော်အကူအညီများ ပေးအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်ပါတယ်။ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုကြောင့် အတိဒုက္ခကြုံတွေ့နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူများကို ပြည်သူမှပြည်သူသို့ လှူဒါန်းငွေများဖြင့် လူသားချင်းစာနာထောက်ထား မှုအကူအညီများ ထောက်ပံ့ပေးအပ်နေခြင်းဖြစ်ပြီး လတ်တလော ကရင်နီ စစ်ရှောင်များကို ကူညီမှု အခြေအနေကို အသိပေးတာပါ။ ဝန်ကြီးဌာန စတင်ဖွဲ့စည်းချိန် ၂၀၂၁ ဧပြီကစလို့ လက်ရှိအချိန်အထိ ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာမှုအကူအညီ ကျပ် ၄၃၈ သန်း(ကျပ်သိန်း ၄၃၀၀ ကျော်) ထောက်ပံ့ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။