Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါမြို့နယ်ကန်ရွာရဲစခန်းကိုPDFများစီးနင်းတိုက်ခိုက်

ရဲစခန်း၏ ထက်ဝက်​ကျော်ကိုတိုက်ခိုက်သိမ်းပိုက်မီးရှို့နိုင်ချိန်တွင်စစ်တပ်မှ ​လေ​ကြောင်းအကူ​ရောက်လာ၍ ဗျူဟာကုန်းနှင့် ၎င်း၏ ဘန်ကာတို့ ကိုမဖျက်ဆီးနိုင်ခဲ့ဘဲ စခန်းတစ်ခုလုံးမသိမ်းနိုင်ခဲ့ခြင်းဖြစ်​ကြောင်းလည်း တိုက်ပွဲဝင်ခဲ့​သောရဲ​ဘော်များက​ပြောသည်။

(ဂန့်​ဂေါမြို့နယ် ကန်ရွာကိုGoogle Map တွင်​တွေ့ရမှု)
(ဂန့်​ဂေါမြို့နယ် ကန်ရွာကိုGoogle Map တွင်​တွေ့ရမှု)

▪︎စစ်တပ်ကအထိနာ၍လေကြောင်းအသုံးပြုတိုက်ခိုက်၊​ဒေသခံများထွက်​ပြေးတိမ်း​ရှောင်နေရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကန်ရွာရဲစခန်းအား ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က လေကြောင်းမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့၍ စခန်းကိုအပြည့်အဝမသိမ်းနိုင်ခဲ့ဘဲစခန်းထက်ဝက်ကျော်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့​​ကြောင်း PDF များက ပြောသည်။

ဂန့်​ဂေါမြို့နှင့် ၂၇ ဝန်းကျင်ကွာ​ဝေး​သော ကန်ရွာရှိ စစ်ကောင်စီ၏ ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကယမန့်နေ့(မတ် ၃၁) နံနက် ၅နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် အင်အား ၇၀ ခန့်ရှိ​သောစခန်းရှိရဲများ​မှာသေဆုံးဒဏ်ရာရခြင်း ၊ထွက်​ပြေးခြင်းများဖြင့် အထိနာ​နေချိန်တွင်စစ်ကောင်စီတပ်က Mi 35တိုက်ခိုက်​ရေးရဟတ်ယာဥ်နှင့် ဂျက်ဖိုက်တာယာဥ်များ အသုံးပြု၍ နံနက် ၁၀ နာရီ​ကျော်တွင် စစ်ကူ​ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ရဟတ်ယာဉ်နဲ့ လာပစ်ပြီး အင်အားဖြည့်ဖို့ လူထပ်ချတယ်။ အနည်းဆုံး လေးခေါက်လောက်လာဖြည့်တယ်”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

တိုက်ပွဲအ​သေးစိပ်အ​ခြေအ​နေကို မသိရ​သေး​သော်လည်းစခန်းရှိ ရဲတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်းသေဆုံးခဲ့သည်ကို ရုပ်အလာင်းများမျက်မြင်တွေ့ခဲ့ရသည်ဟုPDF များက​ပြောသည်။ထိုအပြင်အချို့ရဲများ ထွက်​ပြေးခြင်း၊ရဲတပ်ဖွဲ့ဝင်မိသားစုအချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟုဆိုသည်။စစ်ျကာင်စီရဲများထံမှ အနည်းဆုံး လက်နက် ၅လက် ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ထံမှသိရသည်။

ရဲစခန်း၏ ထက်ဝက်​ကျော်ကိုတိုက်ခိုက်သိမ်းပိုက်မီးရှို့နိုင်ချိန်တွင်စစ်တပ်မှ ​လေ​ကြောင်းအကူ​ရောက်လာ၍ ဗျူဟာကုန်းနှင့် ၎င်း၏ ဘန်ကာတို့ ကိုမဖျက်ဆီးနိုင်ခဲ့ဘဲ စခန်းတစ်ခုလုံးမသိမ်းနိုင်ခဲ့ခြင်းဖြစ်​ကြောင်းလည်း တိုက်ပွဲဝင်ခဲ့​သောရဲ​ဘော်များက​ပြောသည်။

တိုက်ပွဲမှာ ယ​မန်​​နေ့ည​နေပိုင်းအထိ့ဖြစ် ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အနည်းဆုံးနှစ်ဦးကျဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိသူများရှိသည်ဟုလည်းစုံစမ်းသိရှိရသည်။ ထိခိုက်မိသူအများစုမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟုလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁,၀၀၀ခန့်ရှိသည့် ကန်ရွာမှ ဒေသခံပြည်သူများမှာ ဘေးလွတ်ထွက်ပြေးတိမ်းရှောင်​နေရပြီး ယ​နေ့ (ဧပြီ ၁ ရက်)အထိမပြန်နိုင်ကြ​သေး​ကြောင်းဒေသခံများက ​ပြောသည်။

စစ်ကောင်စီဝါဒဖြန့် ဆိုရှယ်မီဒီယာ အ​ကောင့်များက ကန်ရွာတိုက်ပွဲသည် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိခဲ့၍ လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်​နေ​ကြောင်း မတ် ၃၁ ရက် ​နေ့ခင်းပိုင်းတွင် ဝါဒဖြန့်ချီ​နေခင်းပိုင်းတွင် သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မကွေးတိုင်းရှိ PDFများကို လက်နက်တပ်ဆင်ပေးနေပြီဖြစ်ကြောင်း ကြေညာပြီးနောက် မကွေးတိုင်းအတွင်း ပထမဦးဆုံး စခန်းသိမ်းတိုက်ပွဲဖြစ်သည်။