Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငါန်းဇွန်နယ် ထန်းတစ်ပင်ရွာကို စစ်တပ်ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၀ခန့် ဖမ်း​ဆီးထား

ယမန်နေ့နံနက်ပိုင်းကလည်း ထန်းတပင်ကျေးရွာရှိ ပြည်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေပြီး ရွှေ၊ငွေစသည့် အဖိုးတန်းပစ္စည်းများနှင့် ဆန်၊ဆီ ရိက္ခာများကို အဓမ္မလုယူသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ငါန်းဇွန်နယ် ထန်းတစ်ပင်ရွာကို စစ်တပ်ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၀ခန့် ဖမ်း​ဆီးထား
ငါန်းဇွန်နယ် ထန်းတစ်ပင်ရွာကို စစ်တပ်ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၀ခန့် ဖမ်း​ဆီးထား

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ထန်းတစ်ပင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၀ခန့်အား ဖမ်း​ဆီးထားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(သြဂုတ် ၁ဝရက်) ည ၁၀နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာနယ်ရှိ ထန်းတပင်ကျေးရွာကို စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ ၃၀ခန့်အား ကျေးရွာဘုန်းကြီးကျောင်းအတွင်ူး ဖမ်းဆီး ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ခုထိ ပြန်လွှတ်တယ် မကြားသေးဘူး။ အဲ့ရွာထဲကကို မထွက်သေးဘူး”ဟု ငါန်းဇွန်ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့နံနက်ပိုင်းကလည်း ထန်းတပင်ကျေးရွာရှိ ပြည်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေပြီး ရွှေ၊ငွေစသည့် အဖိုးတန်းပစ္စည်းများနှင့် ဆန်၊ဆီ ရိက္ခာများကို အဓမ္မလုယူသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ ​ညနေ ၃နာရီခွဲခန့်တွင် ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သည် လက်ပံသာရွာသို့အသွား လမ်းစတ်နေရာတွင် ဒေသကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။