Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဇူလိုင်လအတွင်း ညောင်လေးပင်ခရိုင်တစ်ခုထဲမှာတင်တိုက်ပွဲကြီး၊ ငယ် တစ်ရာနီးပါးဖြစ်ပွားခဲ့ဟုဆို

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်(၁၁)လက်၊ ကျည်ဆံကျည်ဘောက်၊ ခဲယမ်း၊ ဗုံးသီးအများအပြားနဲ့ စစ်သုံးပစ္စည်များကို KNLA တပ်မဟာ(၃)လက်အောက်ခံ တပ်ဖွဲ့များမှ သိမ်းဆည်းရခဲ့သည်။

ဇူလိုင်လအတွင်း ညောင်လေးပင်ခရိုင်တစ်ခုထဲမှာတင်တိုက်ပွဲကြီး၊ ငယ် တစ်ရာနီးပါးဖြစ်ပွားခဲ့ဟုဆို
ဇူလိုင်လအတွင်း ညောင်လေးပင်ခရိုင်တစ်ခုထဲမှာတင်တိုက်ပွဲကြီး၊ ငယ် တစ်ရာနီးပါးဖြစ်ပွားခဲ့ဟုဆို

ကော်သူးလေအုပ်ချုပ်နယ်၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်တွင် ဇူလိုင်လအတွင်းတိုက်ပွဲအခြေများကိုကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ(၃)တို့အကြား ဇူလိုင်လတစ်လအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် စစ်ကောင်စီ တပ်ခွဲမှူး၊ ဗိုလ်မှူး၊ ဗိုလ်တစ်ဦးအပါအဝင် (၁၆၀)ကျော် သေဆုံးခဲ့ပြီး အရပ်သားပြည်သူ(၅)ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်ဟုထုတ်ပြန်ချက်တွင်ပါဝင်သည်။

ယင်းကိန်းဂဏန်းများနှင့်ပတ်သက်ပြီး People’s Spring သတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်းမျိုးမရှိသေးပါ။

ဇူလိုင်လအတွင်း ညောင်လေးပင်ခရိုင်တစ်ခုထဲမှာတင်တိုက်ပွဲကြီး၊ ငယ် တစ်ရာနီးပါးဖြစ်ပွားခဲ့ဟုဆို
ဇူလိုင်လအတွင်း ညောင်လေးပင်ခရိုင်တစ်ခုထဲမှာတင်တိုက်ပွဲကြီး၊ ငယ် တစ်ရာနီးပါးဖြစ်ပွားခဲ့ဟုဆို

ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)တွင် ဇူလိုင်လ တစ်လတာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃)လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၉၆)ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်ခွဲမှူးတစ်ဦး၊ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်တစ်ဦးအပါအဝင် (၁၆၆)ဦးသေဆုံးခဲ့ကာ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် (၁၄၃)ဦး ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)လက်အောက်ခံတပ်ဖွဲ့များဘက်မှ နှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဖက်တိုက်ပွဲများအတွင်း အရပ်သားပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်၏ လက်နက်ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသည့်တံတားများကို နှစ်ကြိမ် ချိုးဖျက်ခဲ့သည်ဟု ကေအဲန်ယူက အသိပေးသည်။

ဇူလိုင်လအတွင်း ညောင်လေးပင်ခရိုင်တစ်ခုထဲမှာတင်တိုက်ပွဲကြီး၊ ငယ် တစ်ရာနီးပါးဖြစ်ပွားခဲ့ဟုဆို
ဇူလိုင်လအတွင်း ညောင်လေးပင်ခရိုင်တစ်ခုထဲမှာတင်တိုက်ပွဲကြီး၊ ငယ် တစ်ရာနီးပါးဖြစ်ပွားခဲ့ဟုဆို

ထို့အပြင် စစ်ကောင်စီတပ်က KNLA တပ်မဟာ(၃)လက်အောက်ခံတပ်ဖွဲ့များကို လေကြောင်းဖြင့် တိုက်ခိုက်မှု(၁၂)ကြိမ်၊ ဒရုန်းဖြင့် တစ်ကြိမ်နှင့် အများပြည်သူသွားလာသည့် လမ်း(၃)လမ်းကို ဘက်ဟိုးစက်ဖြင့် ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်(၁၁)လက်၊ ကျည်ဆံကျည်ဘောက်၊ ခဲယမ်း၊ ဗုံးသီးအများအပြားနဲ့ စစ်သုံးပစ္စည်များကို KNLA တပ်မဟာ(၃)လက်အောက်ခံ တပ်ဖွဲ့များမှ သိမ်းဆည်းရခဲ့သည်။

ကေအဲန်ယူ-ခလယ်လွီထူခရိုင်တွင် KNLA တပ်မဟာ(၃) တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ KNDO တပ်ရင်း(၃)ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ် တပ်ရင်းများသည် ခလရ(၆၀)၊ ခလရ(၂၆၄)၊ ခမရ(၂၀)၊ ခမရ(၃၀၇)၊ ခမရ(၃၅၀)၊ ခမရ(၃၅၁)၊ ခမရ(၂၂၁)၊ ခမရ(၄၃၉)၊ ခမရ(၆၀၃)၊ ခမရ(၃၁၀)၊ တပ်မ(၇၇)၊ ပျူစောထီး၊ ရဲတပ်ဖွဲ့၊ လေကြောင်းရန်ကာကွယ်ရေးတပ်နှင့် စစ်ကောင်းအမြောက် စစ်ကူတပ်များ ဖြစ်ကြသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဇူလိုင်လအတွင်း ညောင်လေးပင်ခရိုင်တစ်ခုထဲမှာတင်တိုက်ပွဲကြီး၊ ငယ် တစ်ရာနီးပါးဖြစ်ပွားခဲ့ဟုဆို
ဇူလိုင်လအတွင်း ညောင်လေးပင်ခရိုင်တစ်ခုထဲမှာတင်တိုက်ပွဲကြီး၊ ငယ် တစ်ရာနီးပါးဖြစ်ပွားခဲ့ဟုဆို

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီတပ်သည် ပြည်သူလူထုကို ပစ်မှတ်ထားပြီး ကျေးရွာအတွင်းသို့ လက်နက်ကြီးအလုံးပေါင်း(၃၀၀)နီးပါး ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူလူထု၏ နေအိမ်(၁၇)လုံး ပျက်စီးရပြီး ကျောင်းသားနှစ်ဦးအပါအဝင် ပြည်သူ(၁၀)ဦး ဒဏ်ရာရရှိခဲ့သလို လက်နက်ငယ်ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာရခဲ့သည်။

ထို့အပြင် ပြည်သူလူထု၏ နေအိမ်(၄၄)လုံး၊ လယ်ထွန်စက်တစ်စီး၊ ဆိုင်ကယ်(၆)စီး၊ စပါးကျည်(၁၆)လုံး၊ ထင်းဂိုဒေါင်(၂၃)ပုံ၊ မီးစက်တစ်လုံးတို့ကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံးနှင့် ငွေကျပ်(၂၅၀၀၀၀)ကို အတင်းအဓမ္မသိမ်းယူခဲ့သည့်အပြင် အရပ်သားပြည်သူ(၂၄)ဦးကို အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်ကာ နှစ်ဦးကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ပြီး (၃)ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။