Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘတ်ပေးကျပ်ယူကို ဈေးကွက်ထဲကဒိုင်အချို့ရပ်ထား

လက်ရှိမှာ ကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး ဘတ်နဲ့ကျပ် လဲလှယ်ရာမှာ ဘတ်တစ်ထောင်ကို ကျပ်တစ်သိန်းကျော် ပေးရတဲ့ အခြေအနေရောက်သွားပါတယ်။

ဓာတ်ပုံ − ရိုက်တာ
ဓာတ်ပုံ − ရိုက်တာ

ထိုင်းဘတ်ငွေလဲလှယ်နှုန်းဟာမနေ့ကစတင်ပြီး ခုန်တက်လာတဲ့အတွက် ဒီနေ့မှာ ဘတ်ငွေနဲ့ ကျပ်ငွေ လဲလှယ်ရောင်းချတာကို အချိုးဒိုင်တွေက အရောင်းနားထားကြတယ်လို့ ဈေးကွက်ထဲကနေသိရပါတယ်။

မနေ့က ၁ ဘတ်ကို ၁၀၀ ကျပ်စွန်းစွန်းအထိ ငွေလဲနှုန်းထားမြင့်တက်လာပြီးနောက် ဘတ်ပေး − ကျပ်ယူ ဈေးကွက် အရောင်းပိတ်လာကြတာပါ။

လက်ရှိမှာ ကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး ဘတ်နဲ့ကျပ် လဲလှယ်ရာမှာ ဘတ်တစ်ထောင်ကို ကျပ်တစ်သိန်းကျော် ပေးရတဲ့ အခြေအနေရောက်သွားပါတယ်။

မြန်မာ ကျပ်ငွေတန်ဖိုးကျနေချိန် ကျပ်ငွေကို ယူပြီး ဘတ်လဲလှယ်ပေးတာကို ငွေလဲလုပ်ငန်းတွေက ရပ်လိုက်ကြတာပါ။

ဈေးကွက်ထဲမှာ အရောင်းအဝယ်ရှိတယ်ဆိုပေမယ့် ကြိက်ရောင်းကြိုက်ဝယ်ဈေးနှုန်းဖြစ်နေတယ်လို့လည်းသိရပါတယ်။

ဘတ်ငွေတန်ဖိုးမြင့်တက်လာတဲ့အတူ တဖက်မှာလည်း ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အာရှလမ်းပိုင်းမြေပြိုကျပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီးနောက် ပြည်တွင်းမှာ ထိုင်းကုန်ပစ္စည်းတွေလည်း ဈေးတက်နေပါတယ်။