Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်တိုက်ပွဲများတွင် က​လောအ​ခြေစိုက်တပ်မ ၅၅ လက်​​အောက်ခံတပ်ရင်းများ ​သေဆုံးထိခိုက်မှုများနေ

KNDFဒုတိယစစ်ဦးစီးချုပ်( ၂) မာဝီက ၎င်း၏​ဖေစ်ဘွခ်စာမျက်နှာတွင် သြဂုတ် ၁၀ ရက်တိုက်ပွဲနှင့် ပတ်သပ်၍ “တပ်မ၅၅ လက်အောက်ခံ ခလရ-၃ ကလော တပ်တွင်းအမျှဝေသံတွေ ဆူညံကြရတော့မယ်။ကရင်နီကိုလာတာကိုး”ဟု​ရေးသားခဲ့သည်။

(တပ်မ ၅၅ ​အောက်ရှိ တပ်ရင်းများထံမှ ကရင်နီတပ်များသိမ်းဆည်းရရှိ​သော လက်နက်၊ခဲယမ်းနှင့် စစ်တပ်သုံးပစ္စည်းများ ။ဓါတ်ပုံ-မာဝီ ၊CJ ၊​ပေးပို့)
(တပ်မ ၅၅ ​အောက်ရှိ တပ်ရင်းများထံမှ ကရင်နီတပ်များသိမ်းဆည်းရရှိ​သော လက်နက်၊ခဲယမ်းနှင့် စစ်တပ်သုံးပစ္စည်းများ ။ဓါတ်ပုံ-မာဝီ ၊CJ ၊​ပေးပို့)

ကရင်နီ(ကယား)ပြည်နယ်တွင် သြဂုတ် ဒုတိယပါတ်ကဖြစ်ပွား​​သောတိုက်ပွဲများတွင် က​လောမြို့နယ်အ​ခြေစိုက်စစ်​ကောင်စီတပ်၏ တပ်မ ၅၅ လက်​အောက်ခံတပ်ရင်းများ​သေဆုံးထိခိုက်မှုများ​ကြောင်း ​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

ဒီးမော့ဆိုမြို့နယ် ၊​ငွေ​တောင်ရွာသစ်အနီးသြဂုတ် ၁၀ရက်ကဖြစ်ပွားခဲ့သော တိုက်ပွဲတွငိ က​လောမြို့အ​ခြေစိုက် တပ်မ ၅၅ လက်​အောက်ရှိ ခလရ-၃ (​ခြေလျင်တပ်ရင်း -၃) အရာရှိ ၂ ဦးအပါအဝင် စစ်သား ၂၀ ​ကျော်​သေဆုံးပြီး လက်နက်များနှင့် ကျည်၊ခဲယမ်းများစွာကို ကရင်နီပူး​ပေါင်းတပ်များကသိမ်းဆည်းရရှိခဲ့​ကြောင်း ကရင်နီတပ်​ပေါင်စုထံမှသိရသည်။

(တပ်မ ၅၅ ​အောက်ရှိ တပ်ရင်းများထံမှ ကရင်နီတပ်များသိမ်းဆည်းရရှိ​သော လက်နက်၊ခဲယမ်းနှင့် စစ်တပ်သုံးပစ္စည်းများ ။ဓါတ်ပုံ-မာဝီ ၊CJ ၊​ပေးပို့)
(တပ်မ ၅၅ ​အောက်ရှိ တပ်ရင်းများထံမှ ကရင်နီတပ်များသိမ်းဆည်းရရှိ​သော လက်နက်၊ခဲယမ်းနှင့် စစ်တပ်သုံးပစ္စည်းများ ။ဓါတ်ပုံ-မာဝီ ၊CJ ၊​ပေးပို့)

KNDFဒုတိယစစ်ဦးစီးချုပ်( ၂) မာဝီက ၎င်း၏​ဖေစ်ဘွခ်စာမျက်နှာတွင် သြဂုတ် ၁၀ ရက်တိုက်ပွဲနှင့် ပတ်သပ်၍ “တပ်မ၅၅ လက်အောက်ခံ ခလရ-၃ ကလော တပ်တွင်းအမျှဝေသံတွေ ဆူညံကြရတော့မယ်။ကရင်နီကိုလာတာကိုး”ဟု​ရေးသားခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်းပါဝင်ခဲ့​သော ဗိုလ်လင်းယုန်ကလည်း “တပ်မ(၆၆) အကုန်ပျောက်၊တပ်မ (၅၅)အကျများ”ဟုပြောသည်။

စစ်တပ်​ထောက်ခံသူများ၏ တယ်လီဂရန်ချန်နယ်ဂရုများတွင်လည်း သြဂုတ်၁၀ ရက်က ​ငွေ​တောင်ရွာသစ်အနီးဖြစ်ပွား​သောတိုက်ပွဲတွင်​သေဆုံးသွား​သော ခလရ (၃)မှ အရာရှိ ၂ ဦး ၊ တပ်သား ၂၄ ဦးတို့​သေဆုံးသွားသဖြင့် ​သေဆုံးစစ်သားများနာ​ရေးအတွက် ကူညီ​ထောက်ပံ့​ငွေ​ပေးကြရန် ​ရေးသားထားသည်ကိုလည်း​တွေ့ရသည်။

(တပ်မ ၅၅ ​အောက်ရှိ တပ်ရင်းများထံမှ ကရင်နီတပ်များသိမ်းဆည်းရရှိ​သော လက်နက်၊ခဲယမ်းနှင့် စစ်တပ်သုံးပစ္စည်းများ ။ဓါတ်ပုံ-မာဝီ ၊CJ ၊​ပေးပို့)
(တပ်မ ၅၅ ​အောက်ရှိ တပ်ရင်းများထံမှ ကရင်နီတပ်များသိမ်းဆည်းရရှိ​သော လက်နက်၊ခဲယမ်းနှင့် စစ်တပ်သုံးပစ္စည်းများ ။ဓါတ်ပုံ-မာဝီ ၊CJ ၊​ပေးပို့)

​သြဂုတ် ၁၀ ရက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ​သေဆုံးသူမည်မျှရှိ​ကြောင်း People’s Spring ကသီးခြားအတည်မပြုနိူင်​သော်လည်း ကရင်နီပူး​ပေါင်းတပ်များက လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများစွာရရှိ​ကြောင်း ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့များထံမှ သတင်းဓါတ်ပုံများအရသိရသည်။

ကရင်နီပြည်နယ်သို့စစ်ကူသွား​သော က​လောအ​ခြေစိုက် တပ်မ ၅၅ လက်​အောက်ခံတပ်ရင်းများ​သေဆုံးထိခိုက်မှုများ​နေသဖြင့် ၎င်းတပ်ရင်းများအတွင်း ကြီးမားစွာဂယက်ရိုက်ခတ်​နေ​ကြောင်း က​လော​ဒေသခံတချို့ကလည်း​ပြောသည်။

ထိုအပြင် သြဂုတ် ၁၂ ရက် ည​နေပိုင်းတွင်လည်း ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာအနီး၌ စစ်​ကောင်စီတပ်စွဲထား​သော​နေရာကို ကရင်နီပူး​ပေါင်းတပ်က ဝင်​ရောက်တိုက်ခိုက်ပြီး တစ်နာရီခန့်ကြာတိုက်ပွဲ ဖြစ်ပွား ခဲ့​ရာ စစ်​ကောင်စီတပ်၏ တပ်မ ၅၅ လက်​အောက်ခံတပ်ရင်းများအထိနာပြီး လက်နက်ခဲယမ်းများထပ်မံဆုံးရှူံးခဲ့ကြောင်းသိရသည်။

(တပ်မ ၅၅ ​အောက်ရှိ တပ်ရင်းများထံမှ ကရင်နီတပ်များသိမ်းဆည်းရရှိ​သော လက်နက်၊ခဲယမ်းနှင့် စစ်တပ်သုံးပစ္စည်းများ ။ဓါတ်ပုံ-မာဝီ ၊CJ ၊​ပေးပို့)
(တပ်မ ၅၅ ​အောက်ရှိ တပ်ရင်းများထံမှ ကရင်နီတပ်များသိမ်းဆည်းရရှိ​သော လက်နက်၊ခဲယမ်းနှင့် စစ်တပ်သုံးပစ္စည်းများ ။ဓါတ်ပုံ-မာဝီ ၊CJ ၊​ပေးပို့)

“ဒီးမော့ဆို-ဖရူဆို လမ်းပိုင်း နဲ့ ဆက်စပ် တဲ့တိုက်ပွဲလို့ ပြောလို့ရတယ်။မနေ့က(သြဂုတ် ၁၂ရက်) ညနေ ၆ နာရီလောက်က ဖြစ်တာ။သူတို့တပ်စွဲတဲ့နေရာကို ဝင်တိုက် တာ။လေယာဥ်ပစ်ကူလာလို့ စကစ ဘက်က သေတဲ့သူအသေးစိတ်တော့ မသိရပေမယ့် လက်နက်တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေရခဲ့တယ်”ဟု ကရင်နီပူး ပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူက People’s Spring သို့ သြဂုတ် ၁၂ ရက်တိုက်ပွဲနှင့်ပတ်သပ်၍ပြောသည်။

“ကလောမှာဒီနေ့အတွက်တပ်တွင်းအမျှဝေသံတွေထပ်ဆူညံရမဲ့တပ်ရင်းကတော့ တပ်မ၅၅လက်အောက်ခံ ခမရ(​ခြေမြန်တပ်ရင်း )-၁၁၂ ပဲဖြစ်ပါတယ်ခင်ဗျား။ထူးခြားချက်ကတော့ အရင်သမ္မတနဲ့ ကာချုပ်တို့ချီးမြှင့်ထားတဲ့ စစ်မှု့ထမ်းကောင်းဆုရထားသူတွေကိုတွေ့ရပါတယ်”ဟု KNDF ဒုတိယစစ်ဦးစီးချုပ်ကလည်း ထို​နေ့တိုက်ပွဲအပြီး​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

သြဂုတ် ၁၀ ရက်နှင့် ၁၂ ရက်တို့တွင် ဖြစ်ပွား​သောတိုက်ပွဲများတွင် စစ်​ကောင်စီတပ်ထံမှ လက်နက်၊ခဲယမ်းများ၊စစ်အသုံးအ​ဆောင်ပစ္စည်းများ နှင့်ခြင်းကြားများကို ဖိုးဝီးကား ၂ စီး​ကျော်စာ သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်​ကြောင်း ​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။

ထို့အပြင် သြဂုတ်ပထမပါတ်တွင် ဖား​ဆောင်းမြို့နယ် ၊ကျောက်စုကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် ၁၀ ဦးထက်မနည်းသေဆုံးကြောင်းလည်း ဖားဆောင်း PDFတာဝန်ရှိသူက People’s Spring သို့ ပြောထားသည်။

ဖားဆောင်းမှတဆင့် မယ်စဲ့မြို့ဘက်သို့စစ်ကူဝင်လာသော စစ်ကောင်စီတပ်များမှာလည်း တပ်မ (၅၅) လက်အောက်ခံ ခမရ(၅၀၈)နှင့် (၅၁၂)တပ်များပါဝင်ကြောင်း ၎င်းကဆက်​ပြောသည်။

ကရင်နီ တိုက်ပွဲများတွင် တပ်မ ၅၅ လက်​အောက်ခံ တပ်ရင်းများမှ ဒုတိယတပ်ရင်းမှူး အပါအဝင် အရာရှိ သုံးဦး​သေဆုံးခဲ့ပြီး ပစ္စတို ၃ လက်ရရှိထား​ကြောင်း ကရင်နီတပ်ဖွဲ့ဝင် တစ်ဦးက​ပြောသည်။

စစ်ကောင်စီတပ်သည် ကရင်နီတပ်​ပေါင်းစုကသိမ်းပိုက်ထား​သော မယ်စဲ့မြို့နယ်ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ရေး စစ်ကူများပို့ရန်နှင့်ပြည်နယ်တွင်းရှိ အဓိကလမ်းမကြီး များကိုထိန်းချုပ်နိုင်ရန် ဒီး​မော့ဆို-ဖရူဆိုလမ်း ၊ ဖယ်ခုံ-လွိုင်ကော်၊ဆီဆိုင်-လွိုင်ကော်စ​သော လမ်းမကြီးကို ထိန်းချုပ်နိုင်ရေး သြဂုတ်လဆန်းမှ စ၍ စစ်​ကြောင်းများထိုး လာ၍

တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်။ တိုက်ပွဲများတွင် စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှုများဖြင့် လက်နက်ခဲယမ်းများစွာကိုလည်းဆက်တိုက်ဆုံးရှုံး​နေခြင်းဖြစ်သည်။