Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်ခတ်တောင်ဒေသ ယမန်နေ့တိုက်ပွဲ စစ်ကောင်စီတပ် ၁၅ဦးသေ၊ လက်နက်မျိုးစုံ ၁၃လက်ရဟု ကော်ဘရာထုတ်ပြန်

ယမန်နေ့တိုက်ပွဲအတွင်း ရန်သူဘက်မှ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦး အပါအဝင် စုစုပေါင်း ၁၅ဦး သေဆုံး၊ ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးသည်။

(‌ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(‌ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် နှစ်ဦး ကျဆုံး

ကရင်ပြည်နယ် မြ၀တီမြို့ လက်ခတ်တောင်အနီးတဝိုက်သို့ ယမန်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာစစ်ကောင်စီမှ ဗိုလ်မှူးတစ်ဦးအပါအဝင် အများအပြားသေဆုံးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

ဩဂုတ် ၁၅ရက် နံနက်စော ၃နာရီမှစ၍ လက်နက်ကြီးများပစ်ခတ်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး လက်နက်ကြီး အကြိမ်ရေ ၃၀၀ကျော်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် တိုက်လေယာဉ်ဖြင့် သုံးကြိမ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် သုံးကြိမ် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

ယမန်နေ့တိုက်ပွဲအတွင်း ရန်သူဘက်မှ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦး အပါအဝင် စုစုပေါင်း ၁၅ဦး သေဆုံး၊ ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ထံမှ (၆၀) မမ ကွန်မန်ဒိုပြောင်း (၁)လက်၊ MAsniper (၁)လက်၊ MA4 (၂)လက်၊ MA3 (၃)လက်၊ MA2 (၄)လက်၊ MA1 (၁)လက်၊ M16 (၁)လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၃လက်နှင့် ကျည်၊ ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ရန်သူ၏ လက်နက်ကြီးအလုံးအရင်းပစ်ခတ်မှုကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် နှစ်ဦး ကျဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

ထို့ပြင် ဆက်သွယ်ရေးတာဝါတိုင်နှင့် သာသနာအဆောက်အဦးများ ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၂၁ရက်တွင် လက်ခတ်တောင်စခန်း သိမ်းပိုက်ခံရပြီးနောက် အဆိုပါ တပ်စခန်းကို ပြန်ရရေး ထိုးစစ်ဆင်တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ယမန်နေ့ တွင် လက်နက်ကြီး ပစ်ကူအလွန်အကျွံသုံးပြီး ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို့ ထိုးစစ်ဆင်နေသော်လည်း စစ်ကောင်စီတပ်အနေဖြင့် လက်ခတ်တောင်ခြေသို့ပင် ကပ်နိုင်ခြင်းမရှိသေးဟု ကော်ဘရာစစ်ကြောင်းက အသိပေးထားသည်။