Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ကရင်ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူး ရရှိ

၇၃ နှစ်မြောက် ကရင် အာဇာနည်နေ့ ကျရောက်ရာ ဩဂုတ် ၁၂ ရက်မှာ ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို နော်ဟေသီဂျူးဆီ အခမ်းအနားနဲ့ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

(​နော် ဟေသီဂျူးကို ဖဒိုမန်းရှာလူငယ်​ခေါင်း​ဆောင်ဆုချီးမြှင့်စဥ်။ ဓါတ်ပုံ- ဖန်း​ဖောင်​ဒေရှင်း)
(​နော် ဟေသီဂျူးကို ဖဒိုမန်းရှာလူငယ်​ခေါင်း​ဆောင်ဆုချီးမြှင့်စဥ်။ ဓါတ်ပုံ- ဖန်း​ဖောင်​ဒေရှင်း)

ဖန်းဖောင်ဒေးရှင်းက ပေးအပ်ချီးမြှင့်တဲ့ ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ကရင်ပြည်နယ်က ကျောင်းအုပ်ဆရာမ တစ်ဦးဖြစ်တဲ့ ဒေါ်နော်ဟေသီဂျူးက ရရှိသွားခဲ့ပါတယ်။

ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို နှစ်စဉ် ချီးမြှင့်လေ့ရှိပြီး လူငယ် ခေါင်းဆောင်တွေရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေကို အထောက်အပံ့ ဖြစ်စေဖို့ ဒေါ်လာ ၄၀၀၀ ထောက်ပံ့ပေးလေ့ ရှိပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ဆုကိုတော့ ကော်သူးလေဒေသ (ကရင်ပြည်နယ်)ထဲက ကျောင်းအုပ်ဆရာမာ နော်ဟေသီဂျူးက ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

(​နော် ဟေသီဂျူးကို ဖဒိုမန်းရှာလူငယ်​ခေါင်း​ဆောင်ဆုချီးမြှင့်စဥ်။ ဓါတ်ပုံ- ဖန်း​ဖောင်​ဒေရှင်း)
(​နော် ဟေသီဂျူးကို ဖဒိုမန်းရှာလူငယ်​ခေါင်း​ဆောင်ဆုချီးမြှင့်စဥ်။ ဓါတ်ပုံ- ဖန်း​ဖောင်​ဒေရှင်း)

ကရင်အမျိုးသား အစည်းအရုံး (KNU)ခေါင်းဆောင်ဟောင်း ဖဒိုမန်းရှာလာဖန်နဲ့ ဇနီးဖြစ်သူ ဒေါ်နန့်ကျင်ရွှေတို့ရဲ့ သားသမီး ၄ ဦးက မိဘတွေကို အောက်မေ့ ဂုဏ်ပြုတဲ့ အနေနဲ့ ဖန်ဖောင်ဒေးရှင်းကို ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်း ထူထောင်ခဲ့ပါတယ်။ ပညာရေးကဏ္ဍ၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အားထုတ်မှု၊ လူ့အခွင့်အရေး ဖော်ဆောင်မှု၊ ကရင် ယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းမှုတွေမှာ ပါဝင်သူတွေကို အဲဒီ ဖောင်ဒေးရှင်းရဲ့ ဆုတွေ နှစ်စဉ် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

နော်ဟေသီဂျူးဟာ ကရင် ပညာရေးနဲ့ ယဉ်ကျေးမှုဌာန လက်အောက်ခံ ကျောင်းအုပ် ဆရာမ တစ်ဦးဖြစ်ပြီး သူဦးဆောင်နေတဲ့ ကျောင်းဟာ ၂၀၁၈ ခုနှစ်မှာ အငယ်တန်း ကောလိပ် အဆင့်ထိ ချဲ့ထွင်နိုင်ခဲ့ပါတယ်။ မူလက ဆရာဆရာမ ၁၀ ဦးနဲ့ ကျောင်းသား ၈၂ ဦးသာ ရှိနေတဲ့ ကျောင်းလေးဟာ ဆရာဆရာမ ၃၀ နဲ့ ကျောင်းသူကျောင်းသား ၇၀၀ လောက် ရှိတဲ့ထိ ကျယ်ပြန့်လာခဲ့ပြီး လူငယ်တွေအတွက် ခေါင်းဆောင်မှုရေးရာ သင်တန်းတွေကိုပါ ပို့ချပေးနေပါတယ်။

အခုလို ဂုဏ်ပြုဆုမျိုး ရရှိခဲ့တဲ့အတွက် အရမ်းဂုဏ်ယူမိပြီး ဒီဆုဟာ လူငယ် ခေါင်းဆောင်တွေကို စိတ်ဓာတ် မြှင့်တင်ပေးတဲ့ တွန်းအား တစ်ခုအဖြစ် ခံယူကြောင်း၊ သူဟာ ပဒိုမန်းရှာရဲ့ စည်းမျဉ်းတွေ၊ ခေါင်းဆောင်မှုတွေ၊ အားထုတ်မှုတွေနဲ့ စာအရေးအသားတွေကို အထူးတလည် လေးစားခဲ့ကြောင်း၊ ပဒိုမန်းရှာရဲ့ အတွေးအမြင်တွေဟာ သူ့အတွက် ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့ကြောင်း နော်ဟေသီဂျူးက ပြောပါတယ်။

(​နော် ဟေသီဂျူးကို ဖဒိုမန်းရှာလူငယ်​ခေါင်း​ဆောင်ဆုချီးမြှင့်စဥ်။ ဓါတ်ပုံ- ဖန်း​ဖောင်​ဒေရှင်း)
(​နော် ဟေသီဂျူးကို ဖဒိုမန်းရှာလူငယ်​ခေါင်း​ဆောင်ဆုချီးမြှင့်စဥ်။ ဓါတ်ပုံ- ဖန်း​ဖောင်​ဒေရှင်း)

ကရင်ကျောင်းသားများ ကွန်ရက်အဖွဲ့ (KSNG)က ဒီဆုအတွက် နော်ဟေသီဂျူးရဲ့ နာမည်ကို ထောက်ခံ တင်ပြပေးခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဆရာဆရာမတွေရော၊ ကျောင်းသူကျောင်းသားတွေ အပေါ်မှာပါ အများကြီး သက်ရောက် လွှမ်းမိုးမှု ရှိခဲ့တယ်လို့လည်း KSNGက ရည်ညွှန်းပါတယ်။

၇၃ နှစ်မြောက် ကရင် အာဇာနည်နေ့ ကျရောက်ရာ ဩဂုတ် ၁၂ ရက်မှာ ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို နော်ဟေသီဂျူးဆီ အခမ်းအနားနဲ့ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။