Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တစ်ဒေါ်လာ ၃၈၀၀ ကျပ်နှင့်ရွှေတစ်ကျပ်သား ၃၉ သိန်းအထိ​ရှိလာ

​ဒေါ်လာ​ဈေးများမြင့်တက်လာချိန်တွင်စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများလုပ်နေသော်လည်း ဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

(​ငွေလဲလှယ်​ရေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုးဆက်တိုက်ထိုးကျ​နေသည်)
(​ငွေလဲလှယ်​ရေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုးဆက်တိုက်ထိုးကျ​နေသည်)

ကျပ်​ငွေတန်ဖိုးထပ်ကျပြီး အ​မေရီကန်တစ်ဒေါ်လာလျှင် ကျပ် ၃၈၀၀ ကျော်နှင့်အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၉ သိန်းခန့်အထိ မြင့်တက်လာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ သိရသည်။

​ဒေါ်လာ​ဈေးများမြင့်တက်လာချိန်တွင်စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများလုပ်နေသော်လည်း ဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင်ကျပ် ၃,၈၆၀,၀၀၀ မှ ၃၉ သိန်းအထိဖြစ်နေပြီး အရောင်းအဝယ်အများဆုံးဖြစ်သည့်ဈေးမှာ ကျပ် ၃,၈၇၀,၀၀၀ ဖြစ်​ကြောင်း​ရွှေလုပ်ငန်းရှင်များကပြောသည်။

“ဒီနေ့တော့ဈေးကတော်တော်တက်တယ်။ တစ်ကျပ်သားကို သိန်း ၄၀လောက်အထိတက်မယ် မှန်းထားကြတယ်”ဟု ရွှေအရောင်းအဝယ်သမားတစ်ဦးကပြောသည်။

​ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၇၅၀ မှ ကျပ် ၃၈၃၀ အထိရှိနေသည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။

“ဈေးကွက်ထဲမှာတော့ ဒေါ်လာက အဝယ်ပဲရှိတယ်။ရောင်းသလောက်ဝယ်ကြတယ်”ဟု ၎င်းကဆက်ပြောသည်။

ထိုအပြင် နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားသုံးငွေလိုအပ်ချင်မြင့်မားလာသည့် စစ်ကောင်စီက နိုင်ငံတကာငွေပေးချေမှုများမှုကို ဘတ်ငွေကို အသုံးစွဲခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ဩဂုတ်၁၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ထိုကြေညာချက်အပြီးတွင် ထိုင်းဘတ်တန်ဖိုးပိုတက်လာပြီး တစ်ဘတ်လျှင် ၁၀၅ကျပ်အထိ မြင့်တက်လာကြောင်း ငွေလဲလုပ်ငန်းရှင်များထံမှသိရသည်။

လက်ရှိဒေါ်လာဈေးနှင့်ရွှေဈေးမြင့်တက်လာရခြင်းမှာစစ်ကောင်စီက နိုင်ငံခြားငွေများကို အလုံးစုံထိန်းချုပ်ထားပြီး ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာရှားပါးလာခြင်း၊ကျပ် ၂၀၀၀၀ တန်ဂယက်ကြောင့် ​​ငွေတန်ဖိုးကျခြင်း ၊ အ​မေရီကန် က စစ်​ကောင်စီ၏ MFTB နှင့် MICB ဘဏ်များအ​​ပေါ် အ​ရေးယူဒဏ်ခတ်ခြင်း ​နောက်ဆက်တွဲသက်​ရောက်မှုများ စသည်တို့​ကြောင့်ဖြစ်သည်ဟု ငွေလဲလုပ်ငန်းရှင်ဆောင်ရွက်နေသူများကပြောသည်။

ဒေါ်လာဈေး၊ရွှေဈေးမြင့်တက်လာရခြင်းကို စစ်ကောင်စီက ဈေးကစားသူများနှင့် ကောလဟာလထုတ်လုပ်သူများကြောင့်ဖြစ်သည်ဟု စွပ်စွဲပြီး လုပ်ငန်းရှင်အချို့ကို ဖမ်းဆီးထောင်ချနေသည်။