Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၃)နယ်မြေ၌ စစ်ကောင်စီရထား မိုင်းဆွဲတိုက်ခိုက်ခံရ၍ ပျက်စီး

စစ်ကောင်စီတပ်၏လက်နက်ခဲယမ်းထောက်ပို့ရထားကို ပဲခူးတိုင်း၊ကညွတ်ကွင်းမြို့အနီးမှစောင့်၍ ယနေ့( ဩဂုတ်လ ၁၈ ရက်) နံနက် ၉ နာရီဝန််းကျင်တွင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(စစ်​ကောင်စီတပ်ရထားတွဲ မိုင်းဆွဲခံရ၍ ပျက်စီး​နေမှူ။ ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်)
(စစ်​ကောင်စီတပ်ရထားတွဲ မိုင်းဆွဲခံရ၍ ပျက်စီး​နေမှူ။ ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်)

မန္တလေးမှထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းထောက်ပို့ရထားကို ရန်ကုန်−မန္တလေးမီးရထားလမ်း၊ ကညွှတ်ကွင်းမြို့အနီးတွင် KNUနှင့် PDF ပူး‌​ပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်၏လက်နက်ခဲယမ်းထောက်ပို့ရထားကို ပဲခူးတိုင်း၊ကညွတ်ကွင်းမြို့အနီးမှစောင့်၍ ယနေ့( ဩဂုတ်လ ၁၈ ရက်) နံနက် ၉ နာရီဝန််းကျင်တွင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီထောက်ပို့ရထားကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်မှာ မှန်ကန်ပြီး၊ မြေပြင်အခြေအနေအသေးစိတ်ကို အတည်ပြုနေဆဲဖြစ်ကြောင် တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခု မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ကညွတ်ကွင်းဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃)နယ်မြေဖြစ်သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။ ရထား မိုင်းခွဲတိုက်ခိုက်ခံရနှင့်ပတ်သက်ပြီး ကြေးနန်းမရသေးကြောင်း၎င်းကဆက် ပြောသည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဆိုသည့် သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်ပြီးလည်း အတည်မပြုနိုင်သေးဟု KNU သတင်းရင်းမြစ်များက ပြောသည်။