Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့် မှာ KTV ဆိုင်မန်နေဂျာ ပစ်သတ်ခံရပစ်သတ်ဖားကန့် မှာ KTV ဆိုင်မန်နေဂျာ ပစ်သတ်ခံရ

လုံးခင်းကျေးရွာ၊ (၁) ရပ်ကွက်မှာရှိတဲ့ Green City KTV ဆိုင်ကို ညပိုင်း ၁၀ နာရီခန့်မှာ ဆိုင်ကယ် နဲ့ အမျိုးသား ၂ ဦး ရောက်လာပြီး ဆိုင်မန်နေဂျာကို ပစ်ခတ်သွားတာလို့ အဲဒီသတင်းရင်းမြစ်က ပြောပြပါတယ်။

ဖားကန့် မှာ KTV ဆိုင်မန်နေဂျာ ပစ်သတ်ခံရ
ဖားကန့် မှာ KTV ဆိုင်မန်နေဂျာ ပစ်သတ်ခံရ

ကျောက်စိမ်းမှော်တွေရှိရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာ မှာရှိတဲ့ KTV ဆိုင်မန်နေဂျာအမျိုးသားဟာ မနေ့ ညပိုင်းက သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။

လုံးခင်းကျေးရွာ၊ (၁) ရပ်ကွက်မှာရှိတဲ့ Green City KTV ဆိုင်ကို ညပိုင်း ၁၀ နာရီခန့်မှာ ဆိုင်ကယ် နဲ့ အမျိုးသား ၂ ဦး ရောက်လာပြီး ဆိုင်မန်နေဂျာကို ပစ်ခတ်သွားတာလို့ အဲဒီသတင်းရင်းမြစ်က ပြောပြပါတယ်။

ပစ်ခတ်မှုကြောင့် အသက် ၅၀ အရွယ် ဆိုင်မန်နေဂျာအမျိုးသားဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်အတွင်းမှာလည်း ဖားကန့်မြို့၊ ဆိတ်မူရပ်ကွက် ရှင်းရင် ဟိုတယ်ပိုင်ရှင် အမျိုးသမီးကို လူတစ်စုက ညပိုင်းမှာ ဖမ်းခေါ်သွားပြီး ပစ်သတ်ကာ အလောင်းကို ဟိုတယ်နဲ့ မနီးမဝေးမှာ စွန့်ပစ်ခဲ့တဲ့ဖြစ်ရပ်ရှိခဲ့ပါသေးတယ်။

ဖားကန့်မှာ ပစ်ခတ်သတ်ဖြတ်မှုတွေဟာမကြာခဏဆိုသလိုဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ခေါင်းမှာ သေနတ်ဒဏ်ရာရပြီးသေဆုံးနေတဲ့ အမျိုးသား ၂ ဦးအလောင်းကို လမ်းလယ်မှာ ဒေသခံတွေ တွေ့ခဲ့ရပါတယ်။