Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာပြည်သူတွေရဲ့ ၃ ပုံ ၁ ပုံ အကူအညီလိုအပ်နေတယ်လို့ ကုလဆို

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်း ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မြန်မာ့နိုင်ငံရဲ့ အခြေအနေကို UNOCHA အကြီးအကဲက သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပါတယ်။

အညာဒေသ စစ်ရှောင်ပြည်သူအချို့ကိုတွေ့ရစဉ်
အညာဒေသ စစ်ရှောင်ပြည်သူအချို့ကိုတွေ့ရစဉ်

စစ်တပ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ လူဦးရေ ရဲ့ ၃ ပုံ ၁ ပုံဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အကြီးအကဲ မာတင်ဂရစ်ဖစ်က ပြောလိုက်ပါတယ်။

ပြည်သူ ၁၈ သန်းဟာ အကူအညီတွေ လိုအပ်နေတာလို့ UNOCHA အကြီးအကဲက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်း ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မြန်မာ့နိုင်ငံရဲ့ အခြေအနေကို UNOCHA အကြီးအကဲက သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပါတယ်။

မြန်မာ ပြည်သူတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းဆီက အကူအညီပိုရဖို့ မျှော်လင့်နေကြတယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement
Public Service Announcement

UNOCHA အကြီးအကဲရဲ့ မြန်မာခရီးစဉ်အတွင်း စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာတွေ့ဆုံရာ ပြည်သူတွေကို တိုက်ရိုက်ကူညီခွင့်ရဖို့တောင်းဆိုခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆောင်ရွက်ရာမှာ အကန့်အသတ်အတားအဆီးတွေရှိနေတယ်လို့ UNOCHA အကြီးအကဲ ကဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူဦးရေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ ဆတိုးလာပြီး လက်ရှိမှာ ၁.၉ သန်းထိရှိလာတယ်လို့ သိရပါတယ်။