Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အောင်ဂျာဒေသ၌ ယနေ့နံနက် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီတပ်သည် ယနေ့နံနက် ၈နာရီ ၄၀မိနစ်ခန့်တွင် တစ်ကြိမ်၊ ၉နာရီ ၉မိနစ်တွင် တစ်ကြိမ်၊ ၉နာရီ ၁၄မိနစ်တွင် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှု အခြေအနေကို စုံစမ်းဆဲဖြစ်သည်။

(ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ - KIA)
(ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ - KIA)

ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း မိုးမောက်မြို့နယ် အောင်ဂျာကျေးရွာအနီး၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့နံနက်က တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့ (အောက်တိုဘာ ၂ရက်) နံနက် ၆နာရီ ၄၀မိနစ်မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

“အောင်ဂျာဘက် တိုက်ပွဲပြင်းထန်နေတယ်။ မြစ်ကြီးနားက ဂျက်ဖိုက်တာ သုံးစီးနဲ့ ဗုံးလာကြဲသွားတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက် ၈နာရီ ၄၀မိနစ်ခန့်တွင် တစ်ကြိမ်၊ ၉နာရီ ၉မိနစ်တွင် တစ်ကြိမ်၊ ၉နာရီ ၁၄မိနစ်တွင် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှု အခြေအနေကို စုံစမ်းဆဲဖြစ်သည်။

အဆိုပါ အောင်ဂျာဒေသ၌ တိုက်ပွဲများ မကြာခဏပြင်းထန်လျက်ရှိပြီး KIAနှင့် စစ်ကောင်စီတပ်က အပြန်အလှန်လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများလည်းရှိသည်။ စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းမှစတင်ခဲ့သည့် ကချင်ဒေသထိုးစစ်တွင် အထိနာလျက်ရှိရာ ယခုနောက်ပိုင်း လေကြောင်း တိုက်ခိုက်မှုကို ယခင်ထက်ပိုမိုပြုလုပ်လာလျက်ရှိသည်။

Public Service Announcement

Public Service Announcement