Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကသာတွင် စစ်တပ်ထုတ်ကုန်များသယ်ဆောင်လာသည့် ကုန်တင်ယာဥ်တစ်စီး စစ်ဆေးတွေ့ရှိ၍ ကုန်ပစ္စည်းများသိမ်းဆည်း

ဒေသတွင်း၌ စစ်တပ်ထုတ်ကုန်များ မသုံးစွဲရေး၊ မသယ်ဆောင်ရေးတို့ကို ပညာပေးစည်းရုံးနေသော်လည်း တခြားဒေသမှရောက်လာသော ကုန်တင်ယာဥ်များသည် လိုက်နာမှုအားနည်းသည့်အခြေအနေများကို ရံဖန်ရံခါ တွေ့ရှိ‌နေရသေးသည်ဟု ဆိုသည်။

(စစ်တပ်ထုတ်ကုန်များသယ်ဆောင်လာသည့် ကုန်တင်ယာဥ်တစ်စီး စစ်ဆေးတွေ့ရှိ၍ ကုန်ပစ္စည်းများသိမ်းဆည်းယူနေစဥ်)
(စစ်တပ်ထုတ်ကုန်များသယ်ဆောင်လာသည့် ကုန်တင်ယာဥ်တစ်စီး စစ်ဆေးတွေ့ရှိ၍ ကုန်ပစ္စည်းများသိမ်းဆည်းယူနေစဥ်)

စစ်ကိုင်းတိုင်း ကသာမြို့တွင် စစ်တပ်ထုတ်ကုန်များသယ်ဆောင်လာသည့် ကုန်တင်ယာဥ်တစ်စီးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းကုန်ပစ္စည်းများကို သိမ်းယူခဲ့သည်။

အဆိုပါယာဥ်ကို ပအဖနှင့် ပကဖတို့က စစ်ဆေးရေးဂိတ်တွင် ယမန်နေ့(အောက်တိုဘာ ၁ရက်)က တားဆီးစစ်ဆေးစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်တပ်ထုတ်ကုန်များကို သိမ်းယူခဲ့ပြီး ယာဉ်မောင်းကို ခံဝန်ထိုးခိုင်းကာ ယာဥ်နှင့်အတူ ပြန်လွှတ်ပေးလိုက်ကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေသတွင်း၌ စစ်တပ်ထုတ်ကုန်များ မသုံးစွဲရေး၊ မသယ်ဆောင်ရေးတို့ကို ပညာပေးစည်းရုံးနေသော်လည်း တခြားဒေသမှရောက်လာသော ကုန်တင်ယာဥ်များသည် လိုက်နာမှုအားနည်းသည့်အခြေအနေများကို ရံဖန်ရံခါ တွေ့ရှိ‌နေရသေးသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ်မြေများ၌ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ဆေးရေးလုပ်ဆောင်နေစဉ် စစ်တပ်ထုတ်ကုန်များ၊ စကောင်စီတပ်ဖွဲ့ဝင်များနှင့် Non CDM ဌာနဆိုင်ရာဝန်ထမ်းများ ဖမ်းမိမှုများရှိနေသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် သြဂုတ် ၉ရက်က ထီးချိုင့်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စစ်ဆေးရေးဂိတ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(ဒကစမှူး)ဗိုလ်မှူးချုပ်မြတ်မင်းမိုးဆိုသူ၏ တပ်ပြောင်းပစ္စည်းများကို ဖမ်းမိခဲ့သည်။