Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီအဖွဲ့ဝင်ဝဏ္ဏမောင်လွင်၏သား လင်းမင်းမောင်လွင်နေအိမ် ဗုံးပစ်တိုက်ခိုက်ခံရ

စစ်ကောင်စီအဖွဲ့ဝင်ဝဏ္ဏမောင်လွင်၏သား လင်းမင်းမောင်လွင်နေအိမ် ဗုံးပစ်တိုက်ခိုက်ခံရ
စစ်ကောင်စီအဖွဲ့ဝင်ဝဏ္ဏမောင်လွင်၏သား လင်းမင်းမောင်လွင်နေအိမ် ဗုံးပစ်တိုက်ခိုက်ခံရ

စစ်ကောင်စီအဖွဲ့ဝင် ဝဏ္ဏမောင်လွင်၏သားဖြစ်သူ လင်းမင်းမောင်လွင် နေအိမ်ကို ယမန်နေ့ညက ဗုံးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း Urban Special Operation (USO) အဖွဲ့က အသိပေးထုတ်ပြန်သည်။

ယမန်နေ့ည ၉ နာရီ ၂၆ မိနစ်တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အောင်မြေသာစည် အိမ်ရာအတွင်းရှိ လင်းမင်းမောင်လွင်၏ နေအိမ်ကို မဟာမိတ်အဖွဲ့ဝင်များက ဗုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း USO က ဖော်ပြထားသည်။

“မနေ့ညက လှိုင်နဲ့ကမာရွတ်မြို့နယ်အစပ် (၁)ရပ်ကွက်နားမှာ ဗုံးပေါက်သံ အကျယ်ကြီး ကြားလိုက်ရတယ်။ ညကတော့ ဘယ်နားမှာပေါက်မှန်း အတိအကျတော့ မသိလိုက်ကြဘူး။ ခုမနက်မှ ဝဏ္ဏမောင်လွင်ရဲ့ သား အိမ်နားမှာပေါက်တာလို့ ကြားတယ်။ ဗုံးပေါက်ပြီးတာနဲ့ အင်းစိန်လမ်းမှာရော ဗဟိုလမ်းဘက်မှာပါ စစ်ကားတွေ တောက်လျှောက်စစ်နေတာ တွေ့ရပါတယ်” ဟု ကမာရွတ်မြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

၀ဏ္ဏမောင်လွင်၏ သားဖြစ်သူသည် စစ်ကောင်စီ၏ အကြမ်းဖက်အသုံးစရိတ်များ၊ နိုင်ငံခြားစီးပွားရေးများကို ခရိုနီများနှင့် ပူးပေါင်းပြီး အကျိုးအမြတ်ရှာဖွေနေခြင်းကြောင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း USO အဖွဲ့က ဆိုသည်။

ထို့အပြင် ယမန်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ ထားဝယ်ချောင်ရဲစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့ဝင်များက ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း အသိပေးဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement