Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေး၌ ထပ်တိုးအောင်ပွဲရလဒ်များ ရအောင် ကြိုးစားနေဟု ယာယီသမ္မတ သတင်းစကားပါး

ယာယီသမ္မတက ပြည်သူသို့ သတင်းစကားများကို ၎င်း၏ လူမှုကွန်ရက်မှ အသိပေးဖော်ပြလေ့ရှိရာ ယနေ့တွင် အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

တော်လှန်ရေး၌ ထပ်တိုးအောင်ပွဲရလဒ်များ ရအောင် ကြိုးစားနေဟု ယာယီသမ္မတ သတင်းစကားပါး
တော်လှန်ရေး၌ ထပ်တိုးအောင်ပွဲရလဒ်များ ရအောင် ကြိုးစားနေဟု ယာယီသမ္မတ သတင်းစကားပါး

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် တော်လှန်ရေး၌ ထပ်တိုးအောင်ပွဲများရရှိရေး ကြိုးစားနေကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့(အောက်တိုဘာ ၂ရက်) ပြည်သူလူထုများထံသို့ သတင်းစကား ပြောကြားသည်။

ယာယီသမ္မတက ပြည်သူသို့ သတင်းစကားများကို ၎င်း၏ လူမှုကွန်ရက်မှ အသိပေးဖော်ပြလေ့ရှိရာ ယနေ့တွင် အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

“ကျနော်တို့ဟာ မျှော်လင့်ချက်အားလုံးကို တချိန်တည်း တပြိုင်တည်း မဖြည့်ဆည်းပေးနိုင်ပေမယ့် စစ်အာဏာရှင် တော်လှန်ရေးမှာ ထပ်တိုးအောင်ပွဲရလဒ်တွေရအောင် ကြိုးစားနေကြပါတယ်”ဟု ယာယီသမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် တစ်ပတ်က ယာယီသမ္မတ၏ အသိပေးခဲ့သည့် သတင်းစကားတွင် ခုခံတော်လှန်စစ်၏ ရလဒ်အနေဖြင့် မဟာမိတ်များ၏ နယ်မြေများ၌ အုပ်ချုပ်ရေး အလုပ်များကို စတင်လုပ်ဆောင်လာနိုင်သည်ကို တွေ့ရကြောင်း၊ ယင်းသည် တော်လှန်ရေးနှင့် အုပ်ချုပ်ရေးကို ပူးတွဲလုပ်ဆောင်နေနိုင်ခြင်းကို ထင်ရှင်းစွာ ပြသခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။