Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့နယ်ရှိ ပျူစခန်းကို မောင်းသူမဲ့ယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်

ယမန်နေ့ (သြဂုတ် ၁ရက်) ညနေ ၅နာရီခန့်က ရေစကြိုမြို့နယ်၊ ဇီးတောရွာရှိ ပျူစောထီးစခန်းအား 3Kg သယ်ဆောင်နိုင်သော ​​မောင်းသူမဲ့ လေယာဉ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(ရေစကြို(ပကဖ)အဖွဲ့နှင့် မဟာမိတ်များ ပျူစခန်းအား တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်)
(ရေစကြို(ပကဖ)အဖွဲ့နှင့် မဟာမိတ်များ ပျူစခန်းအား တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြို – မန္တလေးလမ်းပိုင်း ဇီးတောကျေးရွာရှိ ပျူစောထီးစခန်းအား မောင်းသူမဲ့လေယာဥ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (သြဂုတ် ၁ရက်) ညနေ ၅နာရီခန့်က ရေစကြိုမြို့နယ်၊ ဇီးတောရွာရှိ ပျူစောထီးစခန်းအား 3Kg သယ်ဆောင်နိုင်သော ​​မောင်းသူမဲ့ လေယာဉ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

“လေယာဥ်က နှစ်စီး၊ ဗုံးက လေးလုံး နှစ်ခေါက်ပျံတာ။ မှတ်ထားတဲ့နေရာတွေကို အော်တိုချတာ။ ဘန်ကာတွေရှိတဲ့နေရာတွေ ချတာ။”ဟု ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံကပြောသည်။

တိုက်ခိုက်မှုကြောင့် ဇီးတောမှပျူများ ထိခိုက်မှုရှိနိုင်ပြီး သီးခြားအတည်မပြုမနိုင်သေးကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူ Salingyi Special Task Force – SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)}၊Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAF အစရှိသည့်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ရေစကြို(ပကဖ)အဖွဲ့နှင့် မဟာမိတ်များသည် ဇူလိုင်နောက်ဆုံးပတ်ကလည်း ရှင်မတောင်ပေါ်သို့ ရိက္ခာသွားပို့သည့် စစ်ကောင်စီစစ်ကြောင်းကို အသွားအပြန်နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့သေးသည်။