Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းအား PDFများ ယာယီပိတ်ထား

မုံရွာ – မန္တလေးလမ်းနှင့် ရွှေဘို – မန္တလေးလမ်းပိုင်းများအား ည ၈နာရီမှ နံနက် ၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန်လည်း PDF များက သတိပေးထားသည်။

(ယမန်နှစ်အတွင်းက မုံရွာ - မန္တလေးလမ်းပိုင်း၌ လမ်းပိတ်ထား၍ ယာဥ်များစောင့်ဆိုင်းနေစဥ်။ ဓာတ်ပုံ - CJ)
(ယမန်နှစ်အတွင်းက မုံရွာ - မန္တလေးလမ်းပိုင်း၌ လမ်းပိတ်ထား၍ ယာဥ်များစောင့်ဆိုင်းနေစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းအား ယနေ့ နံနက်ပိုင်းမှစတင်ကာ ယာယီပိတ်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာလ ၃ ရက်) နံနက်ခင်းပိုင်းမှစတင်ကာ မုံရွာ – မန္တလေးလမ်းအား ယာယီအသုံးမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက

မေတ္တာရပ်ခံသည်။

တားမြစ်ချက်အား လိုက်နာခြင်းမရှိဘဲ အသုံးပြု သွားလာ၍ တစုံတရာဖြစ်ပါက လိုက်နာခြင်းမရှိသူ၏ တာဝန်သာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သတိပေးသည်။

မုံရွာ – မန္တလေးလမ်းနှင့် ရွှေဘို – မန္တလေးလမ်းပိုင်းများအား ည ၈နာရီမှ နံနက် ၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန်လည်း PDF များက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လမ်းပြန်လည်အသုံးပြုနိုင်မည့်အချိန်ကို ထပ်မံအသိပေးမည်ဟု ဆိုသည်။

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလာသည့်အခါ ဒေသတွင်းတော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။