Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြပုလဲစစ်ကောင်စီစခန်းတိုက်ခိုက်ခံရမှု စစ်ကူသွားသည့် နမခ ယာဉ်နှစ်စီးအား PDFတွေ ကြားဖြတ်တိုက်ခိုက်

ယမန်နေ့နံနက်ပိုင်းက ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်ရှိ မြပုလဲစစ်ကောင်စီဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းတိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။

မုံရွာ-မန္တလေးလမ်းတွင် ယမန်နှစ်အတွင်းက မိုင်းထိ၍ ရပ်ထားသော စစ်ကားတစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ-LPDF
မုံရွာ-မန္တလေးလမ်းတွင် ယမန်နှစ်အတွင်းက မိုင်းထိ၍ ရပ်ထားသော စစ်ကားတစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ-LPDF

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မြပုလဲစစ်ကောင်စီစခန်းတိုက်ခိုက်ခံရစဥ် စစ်ကူသွားသည့် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နမခ)မှ စစ်ကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၄ ရက်) နံနက် ၅ နာရီခန့်က မြပုလဲစစ်ကောင်စီစခန်းအား ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သည်။

နံနက် ၈နာရီခန့်တွင် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အခင်းဖြစ်နေရာသို့ စစ်ကူလာသည့် စစ်ကားနှစ်စီး စစ်ကူထွက်လာစဉ် တိုးဂိတ်တနေရာတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားနှစ်စီးမှာ ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိကြောင်း ၊ ထို့အပြင် ၎င်းတို့က ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တညီတညွတ်တည်းလုပ်ကြတာဆိုတော့ အားလုံး အစီစဉ်တကျပါပဲ။”ဟု ၎င်းတာဝန်ခံက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Area 71 PDF Monywa၊ YOUTH VIGOR REVLUTION FORCE၊ ANYAR DEFENCE FORCE (ADF)၊ People Defence Force နွေဦးလူငယ်၊ Myanmar Islamic Commandos (MIC PDF)နှင့် BLACK HERO LOCAL PDFတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement