Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းတစ်မြို့လုံးကို PDF နှင့်မဟာမိတ်များသိမ်းပိုက်

နိုဝင်ဘာ ၃ ရက်ည​နေတွင်ကောလင်းမြို့ရဲစခန်းအချုပ်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားအားလုံးကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

(​ကောလင်းရဲစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ)
(​ကောလင်းရဲစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ)

▪︎စစ်ကိုင်းတိုင်းတွင်မြို့သိမ်းတိုက်ပွဲ ပထမဆုံး​အောင်မြင်​သောမြို့ဖြစ်လာ

ခရိုင်မြို့ကြီးဖြစ်​သော ကောလင်းမြို့တမြို့လုံးကို ပြည်သူ့ကာကွယ်ရေးတပ်မ​​တော် (PDF )နှင့် မဟာမိတ်များက သိမ်းပိုက်လိုက်နိုင်ပြီဖြစ်​ကြောင်း PDFများနှင့် စစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။

နိုဝင်ဘာ ၃ ရက်မနက်မှ စတင်ခဲ့​သော ​ကောလင်းမြို့သိမ်းတိုက်ပွဲမှာ ၃ ရက်ဆက်အပြင်းအထန်ဖြစ်ခဲ့ပြီး ​မြို့တွင်းကျန်ရှိ​နေ​သော စစ်​သားများကို စစ်​​ကောင်စီကလေ​ကြောင်းမှ အပြင်းအထန်စစ်ကူ​ပေးခဲ့​သော်လည်း ယ​နေ့နံနက်တွင်​နောက်ဆုံးကျန်ရှိ​​သော​ထွေအုပ်ရုံးကိုသိမ်းပိုက်နိုင်ခဲ့​ကြောင်းသိရသည်။

“တမြို့လုံးကို ထိန်းနိုင်ပါပြီ။ ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းထားတဲ့ ကျတော်တို့ မြို့က နိုင်ကျဉ်းတွေ၊ အကျဉ်းသားတွေ အကုန်ကယ်ထုတ်နိုင်ပါပြီ” ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ ရဲဘော်တစ်ဦးကပြောသည်။

နိုဝင်ဘာ ၃ ရက်ည​နေတွင်ကောလင်းမြို့ရဲစခန်းအချုပ်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားအားလုံးကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​နောက်ဆုံးကျန်ရှိ​သော ​ကောလင်းမြို့​ထွေအုပ်ရုံးရှိ စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ယ​နေ့နံနက်တွင် လက်နက်ချခဲ့ပြီး​နောက်မြို့ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်​ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

Public Service Announcement

Public Service Announcement

သို့​သော် ​​ထောက်ပို့PDF တစ်ဦးကမူ ​ထွေအုပ်ရုံးမှ စစ်သား ၆ ဦးလက်နက်ချခဲ့ခြင်းဖြစ်ပြီး စစ်​ကောင်စီတပ်သားအချို့ကျန်​သေး​ကြောင်း​ပြောသည်။ သို့​သော် အဆိုပါအချက်ကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

စစ်​ရေးသတင်းရင်းမြစ်တစ်ဦးကမူ ​ကောလင်းမြို့မှ​နောက်ဆုံးကျန်​သောစစ်​ကောင်စီတပ်သားများမှ လက်နက်ချခြင်းရှိ၊မရှိကို အ​သေးစိပ်မသိ​သော်လည်း နေ့နံနက်တွင် မြို့ကို သိမ်း နိုင်ပြီဆိုသည်မှာ မှန်ကန်​ကြောင်း​ပြောသည်။

“စစ်ကိုင်းတိုင်း၊ ခရိုင်မြို့ကြီးဖြစ်တဲ့ ကောလင်းကို စစ်ဒေသ ၁ PDF နဲ့ မဟာမိတ်များ သိမ်းပိုက်ရရှိ။တလှိုင်းပြီး တလှိုင်း လာမယ်” ဟု သပိတ်​ခေါင်း​ဆောင် ​ဒေါက်တာ​တေဇာဆန်း က၎င်း၏ ​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

​ကောလင်းခရိုင် တွင်ပင်လယ်ဘူးမြို့ ၊ဝန်းသို ၊​ကောလင်းမြို့သုံးမြို့ပါဝင်သည်။ ​ကောလင်းမြို့မှာ လူဦး​ရေ နှစ်​သောင်း​ခွဲကျော်​နေထိုင်​​သောမြို့ဖြစ်သည်။ထို​ကြောင့် စစ်ကိုင်းတိုင်းတွင် ​တော်လှန်​ရေးအဖွဲ့များက မြို့ သိမ်းတိုက်ပွဲ​အောင်မြင်စွာဆင်နွှဲနိုင်သည်မှာ ​ကောလင်းမြို့မှာ ပထမဆုံးဖြစ်လာသည်။

ကောလင်းမြို့ရဲစခန်းကို နိုဝင်ဘာ ၅ ရက်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရာတွင် သေနတ် ၄ဝ ကျော် သိမ်းနိုင်ခဲ့ကြောင်း PDF တစ်ဦးက ပြောသည်။ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အချုပ်သားများအားလုံးကို ဘေးလွတ်ရာသို့ပို့ဆောင်ပြီးဖြစ်ကြောင်းလည်း​ဒေသခံများက​ပြောသည်။

စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့​သော​ကြောင့် ​တော်လှန်​​ရေးအဖွဲ့များက မြို့ခံများကို ​ဆက်တိုက်​ရွေ့​ပြောင်း​ပေးခဲ့သည်။စစ်တပ်က​လေ​ကြောင်းမှ တိုက်ခိုက်မှု နှင့် ​တွေသမျှ ပစ်ခတ်မှုတို့​ကြောင့်​ အနည်းဆုံးဒေသခံပြည်သူ ၂၀ ​ကျော်​သေဆုံးခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။

“ဒီမနက် လေ‌ယာဉ်ဝဲနေတယ်။ Air Strike တော့ မလုပ်သေးဘူး။ ဝန်းသိုဘက်ကနေ အင်အား ၇ဝ နဲ့ ခြေလျင်တက်လာတယ်လို့ သတင်းရတယ်” ဟု ထောက်ပို့ရဲဘော်ကပြောသည်။

လက်ရှိတွင် ကောလင်းမြို့ပေါ်၌ စစ်ကောင်စီတပ်စွဲထားသည့်နေရာတခုမှမရှိတော့ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။