Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စိုင်ပြင်တွင် စစ်တပ်က ​လေ​​ကြောင်းမှဗုံးကျဲပြီးလက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူအချို့ဒဏ်ရာရ

လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး မျက်ခုံးနှင့် ဦးခေါင်းတို့၌ လက်နက်ကြီးစထိမှန်ပြီး အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး တင်ပါးထိမှန် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

( စစ်​ကောင်စီတပ်၏ ပစ်ခတ်အကြမ်းဖက်မှုကြောင့်​အေညက်တိုဘာလတွင် ထွက်ပြေတိမ်းရှောင်ခဲ့သော​ဒေသခံ ပြည်သူများ။ ။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ )

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့တွင် စစ်​ကောင်စီတပ်ရဲစခန်းအတွင်းမှလက်နက်ကြီးဖြင့်ပစ်ခတ်ပြီးလေယာဥ်ဖြင့်ပါ ဗုံးချတိုက်ခိုက်ခဲ့၍ ပြည်သူအချို့ ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများကပြောသည်။

ယမန်နေ့( နိုဝင်ဘာလ ၅ ရက်) နံနက်အစောပိုင်းက ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့သို့ စစ်တပ်ကတိုက်လေယာဉ်တစ်စင်းဖြင့် ဗုံး ၂ လုံးကြဲချခဲ့သည်။ထို့အပြင် စိုင်ပြင်ရဲစခန်းကပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် စိုင်ပြင်မြို့မှ အရပ်သား ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

“ပြည်သူတွေကတော့ လက်နက်ကြီးရမ်းပစ်လို့မှန်တယ်လို့ကြားတယ်။”ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

( စစ်​ကောင်စီတပ်၏ ပစ်ခတ်အကြမ်းဖက်မှုကြောင့်​အေညက်တိုဘာလတွင် ထွက်ပြေတိမ်းရှောင်ခဲ့သော​ဒေသခံ ပြည်သူများ။ ။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ )
( စစ်​ကောင်စီတပ်၏ ပစ်ခတ်အကြမ်းဖက်မှုကြောင့်​အေညက်တိုဘာလတွင် ထွက်ပြေတိမ်းရှောင်ခဲ့သော​ဒေသခံ ပြည်သူများ။ ။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ )

လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး မျက်ခုံးနှင့် ဦးခေါင်းတို့၌ လက်နက်ကြီးစထိမှန်ပြီး အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး တင်ပါးထိမှန် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

စိုင်ပြင်မြို့အနီးတွင် နိုဝင်ဘာ ၄ ရက် ည​နေပိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သားများ တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း​ဒေသခံအချို့က ​ပြောသည်။ တိုက်ပွဲအ​ခြေအ​နေအ​သေးစိပ်ကိုမူ မသိရ​သေး​ပေ ။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားပြီး​နောက်​နေ့တွင် စစ်​ကောင်စီတပ်က ​​လေ​ကြောင်းမှ ဗုံးကြဲပြီး မြို့ထဲမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

( စစ်​ကောင်စီတပ်၏ ပစ်ခတ်အကြမ်းဖက်မှုကြောင့်​အေညက်တိုဘာလတွင် ထွက်ပြေတိမ်းရှောင်ခဲ့သော​ဒေသခံ ပြည်သူများ။ ။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ )
( စစ်​ကောင်စီတပ်၏ ပစ်ခတ်အကြမ်းဖက်မှုကြောင့်​အေညက်တိုဘာလတွင် ထွက်ပြေတိမ်းရှောင်ခဲ့သော​ဒေသခံ ပြည်သူများ။ ။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ )

လေကြောင်းမှဗုံးချတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးမှုရှိနိုင်ပြီး ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ၍ အတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။

ထိုအပြင် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့ပေါ်မှ အင်အား ၇၀ ခန့်ဖြင့် စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ ရွာခန့်က ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း လည်းသိရသည်။

နိုဝင်ဘာလ ၁ ရက် ညနေပိုင်းကလည်း စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်းကျေးရွာသို့ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးနှစ်ဦးသေဆုံးကာ ကလေး၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။