Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းမြောက် နာမည်ကျော်ဂုတ်ထိပ်တွင် တိုက်ပွဲပြင်းထန်နေ

TNLAနှင့် မန္တလေး PDF ပူးပေါင်းတပ်နေရာယူထားသော ကျောက်မဲမြို့နယ်အပိုင် ဂုတ်ထိပ်နှင့် စစ်ကောင်စီစခန်းရှိရာ နောင်ချိုမြို့နယ်အပိုင် ဂုတ်တွင်းနေရာ အပေါ်နှင့် အောက် တိုက်ပွဲဖြစ်နေခြင်း ဖြစ်သည်။

(ကျောက်မဲမြို့အပိုင် ဂုတ်ထိပ် View Pointနေရာ ထိန်းချုပ်ထားသော TNLAနှင့်မန္တလေး PDF တို့မှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ကျောက်မဲမြို့အပိုင် ဂုတ်ထိပ် View Pointနေရာ ထိန်းချုပ်ထားသော TNLAနှင့်မန္တလေး PDF တို့မှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ နာမည်ကျော်ဂုတ်ထိပ်တွင် စစ်ကောင်စီတပ်နှင့် တအောင်းတပ်မတော်(TNLA)၊မန္တလေး PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေသည်။

ကျောက်မဲမြို့နယ်အပိုင်တွင်ရှိသော ဂုတ်ထိပ် View Point နေရာတွင် TNLAနှင့် မန္တလေး PDF ပူးပေါင်းတပ်တို့က နိုဝင်ဘာ ၆ရက်တွင် ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

အဆိုပါ ဂုတ်ထိပ်သည် ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့က တစ်ခြမ်းစီနယ်မြေပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ‌တအောင်းတပ်မတော်(TNLA)နှင့် မန္တလေး PDF ပူးပေါင်းတပ်ထိန်းချုပ်ထားသော ဂုတ်ထိပ် View Point နေရာသည် ကျောက်မဲမြို့နယ်အပိုင် ဖြစ်သည်။

(ကျောက်မဲမြို့အပိုင် ဂုတ်ထိပ် View Pointနေရာ ထိန်းချုပ်ထားသော TNLAနှင့်မန္တလေး PDF တို့မှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ကျောက်မဲမြို့အပိုင် ဂုတ်ထိပ် View Pointနေရာ ထိန်းချုပ်ထားသော TNLAနှင့်မန္တလေး PDF တို့မှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ – CJ)

၎င်းတို့နှင့် တိုက်ခိုက်နေသော စစ်ကောင်စီတပ်စွဲထားသော နေရာသည် နောင်ချိုမြို့နယ်အပိုင်ဖြစ်သော ဂုတ်တွင်းရှိ ယာဥ်အသွားအလာစစ်ဆေးသော နေရာဖြစ်သည်။ ထိုအခြေအနေအရ တအောင်းတပ်မတော်(TNLA)နှင့် မန္တလေး PDF ပူးပေါင်းတပ်တို့က ဂုတ်ထိပ်နေရာ အပေါ်စီးက နေရာယူ တိုက်ခိုက်နေသည့် သဘောဖြစ်သည်။

TNLAနှင့် မန္တလေး PDF ပူးပေါင်းတပ်နေရာယူထားသော ကျောက်မဲမြို့နယ်အပိုင် ဂုတ်ထိပ်နှင့် စစ်ကောင်စီစခန်းရှိရာ နောင်ချိုမြို့နယ်အပိုင် ဂုတ်တွင်းနေရာ အပေါ်နှင့် အောက် တိုက်ပွဲဖြစ်နေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါနေရာ၌ နိုဝင်ဘာ ၆ရက်ကတည်းက တိုက်ပွဲဖြစ်ပွားနေရာ ယမန်နေ့ညတွင် တိုက်ပွဲပိုမိုပြင်းထန်လာခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“မနေ့ညက တစ်ညလုံးပစ်နေကြတာ။ ဒီနေ့ မြို့ကနေခွာရပြီကိုထင်နေတာ”ဟု နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

အဆိုပါနေရာတိုက်ပွဲဖြစ်နေမှုကို နောင်ချိုမြို့တောင်ဘက်ရှိ အမြောက်တပ်(၁၇)တပ်က လက်နက်ကြီးဖြင့် ယမန်နေ့ညက တစ်ညလုံးပစ်ကူပေးခဲ့သည်ဟု နောင်ချိုဒေသခံများက ဆိုသည်။

“ပစ်ချက်က မြေကြီးကိုတုန်တယ်”ဟု နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့နံနက် ၉နာရီခွဲခန့်က နောင်ချိုမြို့နယ်ရှိ ရွှေညောင်ပင်ကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက အသိပေး ထုတ်ပြန်ထားသည်။

(ကျောက်မဲမြို့အပိုင် ဂုတ်ထိပ် View Pointနေရာ ထိန်းချုပ်ထားသော TNLAနှင့်မန္တလေး PDF တို့မှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ကျောက်မဲမြို့အပိုင် ဂုတ်ထိပ် View Pointနေရာ ထိန်းချုပ်ထားသော TNLAနှင့်မန္တလေး PDF တို့မှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ – CJ)

ပြီးခဲ့သည့်ရက်များက တိုက်ပွဲပြင်းထန်ခဲ့သော နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာကို စစ်ကောင်စိတပ်က ယနေ့နေ့လယ် ၁၂နာရီခန့်တွင် ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးနေသည်ဟု နောင်ချိုဒေသခံများက ပြောသည်။ အဆိုပါကျေးရွာနေ ပြည်သူများမှာ တိုက်ပွဲများကြောင့် ပြီးခဲ့သည့်ရက်ကတည်းက နေအိမ်များစွန့်ခွာခဲ့ကြသည်။

အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင်များဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ‘၁၀၂၇စစ်ဆင်ရေး’ စတင်ကြောင်း ကြေညာကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်းများအား နံနက် ၄ နာရီမှစတင်ပြီး တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့သည်။

အောက်တိုဘာ ၂၉ရက် နံနက်တွင် TNLAနှင့်မန္တလေး PDF တို့သည် နောင်ချိုမြို့မှ ပြင်ဦးလွင်မြို့သို့သွားရာလမ်းဘေးရှိ နောင်ချိုမြို့အထွက် ကောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီ၏ ခမရ(၁၁၄)တပ်ရင်းအား စတင်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLAနှင့်မန္တလေး PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်နေသည်မှာ ၁၁ရက်ကြာရှိပြီဖြစ်သည်။